Part 7 (Uni+Zawgyi)

1.1K 58 5
                                    

ရွန်းတစ်ယောက် ဒေါ်ခင်သီတာမိုး ဆိုတဲ့ သူ့အချစ်တော် အဂ်လိပ်စာဆရာမနောက်ကိုပြေးလိုက်ရင်း မောနေရသည်။ ဟိုတယ်အခန်းကိုရောက်တော့ သူမက ရွန်းကိုပေးမဝင်ဘဲ လော့ချထားသည်။

" ဒေါက်ဒေါက် "

" ဆရာမ ရွန်းကို ဘာလို့မဝင်ခိုင်းတာလဲ "

ရှက်ရမ်းရမ်းပြီး ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်ကာ ပိတ်ထားမိလိုက်သည်။ ရွန်းကို အဖြေပေးလိုက်မိတာပဲ မြန်သွားသလား မူနေသင့်သလား စဥ်းစားလို့မရတော့ပြီ ကုတင်ပေါ်မှာထိူင်ရင်း သူကရွန်းနဲ့ဖြစ်မှဖြစ်နိုင်ရဲ့လား ပတ်ဝန်းကျင်ကကဲ့ရဲ့မှာ ရွန်းဘဝအညွန့်ကျိုးမှာကို တွေးပူနေမိသည်။

ရွန်းလည်း သူမှာသော့ရှိနေတာကိုသတိရပြီ ဖွင့်လိုက်တော့ ကုတင်ပေါ်မှာငုတ်တုတ်ထိုင်နေသော ဒေါ်ခင်သီတာမိုး ကိုတွေ့လိုက်ရသည်။
သူလည်းကုတင်ပေါ်သွားပြီးသူမနား ကပ်ထိုင်ကာ သူလက်ကိုဆုပ်ကိုင်လိုက်သည်။

" ဆရာမက ရွန်းကို ချစ်ရလို့ နောင်တရနေတာလား "

" မဟုတ်ဘူးရွန်း တို့တွေက မဖြစ်နိုင်ဘူး တို့အသက်နဲ့ရွန်းအသက်က အများကြီးကွာတယ်လေ တို့က ၄၀ကေျာ်နေပြီ "

40ကျော်ပေမယ့် သူမအလှကတော့နုပျိုဆဲပါ ကျောင်းသားတွေကတောင် ငေးကြည့်ရလောက်သော မယ်သီတာရဲ့အလှထက် ဒေါ်ခင်သီတာမိုးရဲ့အလှ ပိုပြီးလှသွေးကြွယ်နေပါသေးသည်

" အချစ်မှာ ဘာစည်းမျဥ်းဘာအတားအဆီးဘာအသက်အရွယ်ဆိုတာမျိုးတွေမရှိပါဘူး ရွန်းကဆရာမကိုချစ်တယ် ဒါရွန်းရဲ့ဖြူစင်တဲ့ချစ်ခြင်းတွေပါ "

" ဆရာမရဲ့ရင်ထဲမှာလည်း ရွန်းတစ်ယောက်ပဲ ရှိတာပါ ဒါပေမယ့်.."

သူမနှုတ်ခမ်းကိုရွန်း လက်ညိုးနဲ့တားလိုက်သည်။

" ဒါပေမယ့်ပတ်ဝန်းကျင်ဆိုတာကို ဂရုမစိုက်ပါနဲ့ ရွန်းဘဝမှာ ဆရာမရဲ့အချစ်ကိုရရင် ရွန်းသေပျော်ပါပြီ "

ရွန်းဆုပ်ကိုင်ထားတဲ့သူမလက်ကို ဖွဖွလေးတစ်ချက်နမ်းလိုက်သည်။

" ခင်လို့ခေါ်မယ်နော် "

သူမကကျေနပ်စွာခေါင်းညိတ်ပြသည်။ ရွန်းနဲ့ခင်တို့ရဲ့အကြည့်တွေကတစ်ယောက်မျက်လုံးထဲတစ်ယောက်ရဲ့ပုံရိပ်ကိုမြင်နေရသည်အထင် စူးစိုက်စွာကြည့်နေသည်။ သူမပါးကို လက်နှစ်ဖက်နဲ့ကိုင်ထားရင်း နူးညံတဲ့သူမနှုတ်ခမ်းကို နမ်းရှိုက်လိုက်သည်။ ထိုအချိန်မှာ မျက်လုံစုံမှိတ်ကျသွားတဲ့သူမ

ကောင်းကင်ပေါ်ကစန္ဒာလမင်း(on going)Where stories live. Discover now