Part 3

1.2K 68 2
                                    

မေတို့တွဲနေကြတာ တစ်လပြည့်တော့မယ် အခုထိတော့ ဘာပြဿနာမှ မဖြစ်ရသေးပါဘူး..............

သောကြာနေ့ ကျောင်းမလွှတ်ခင် ချစ်ရသောသူမဆီသို့သွားဖို့ပြင်..... ဆရာမတွေနားနေခန်းရှေ့ရောက်ပြီးဝင်မယ့် အလုပ် ဆရာမဒေါ်နီနီတင်ကလည်း သူ့အိတ်တွေဆွဲပြီးအလာ.. မယူပေးရင်လည်းမကောင်းဘူးဆိုတော့ သယ်ပေးရမည်။

" ဆရာမ ပေးပါ သမီး သယ်ပေးမယ် "

" ကျေးဇူးပါ သမီး "

မေကတော့ အိတ်ကိုဆွဲယူလိုက်ပေမယ့် ဆရာမက မေလက်မောင်းကိုကိုင်ပြီး သွားသည်။ ရုန်းရမှာလည်း မရ လက်ကအားမှမအားတာ ဒီတိုင်းသာလိုက်ခဲ့ရ..ဟိုကိုပြန်သွားလို့လည်း မရတဲ့အဆုံး စာသင်ခန်းကိုသာပြန်လိုက်ခဲ့ရသည်။

..................

ဒီနေ့ ကျောင်းမှာလူရည်ချွန်တွေစာမေးပွဲဖြေရလို့ ကျူရှင်ပိတ်သည်။ ကျူရှင်ပိတ်တာကို သူငယ်ချင်းတစ်သိုက် မုန့်သွားစားကြသည်။

" အအေးသောက်ပြီးရင် ဝက်သားဒုတ်ထိုးသွားစားမယ် "

" ငါမှ ဝက်သားမစားတာ " မေက ဝက်သားလုံးဝမစား သူငယ်ချင်းတွေကတော့ သွားမယ်ဆိုတာပဲ ပြီးရင် ဓာတ်ပုံပါရိုက်ကြအုံးမယ်တဲ့

" ဒါဆို ငါမလိုက်တော့ဘူး ဒီမှာပဲ မှာစားတော့မယ် "

မေ တစ်ခုခုမှာမယ်လုပ်တော့ ကြက်ခြေထောက်ထောင်းကိုတွေ့သည်။ ဒါဟာ ချစ်ရသူစားချင်နေသောအရာပဲ

" ဒါလေးဝယ်ပြီးသွားပေးအုံးမှပဲ "
ဆိုင်နဲ့ သိပ်မဝေးတာကြောင့် မေသွားလိုက်သည်။ မေရောက်တော့ စာတွေကြည့်နေလေရဲ့

" ဒီမှာ မိန်းမအတွက် စားချင်တယ်ဆိုလို့ "

" ဟာ...တကူးတက ကြီး ကျူရှင်မတက်ဘူးလား "

" ကျူရှင်ပိတ်တယ်လေ အာကြောင့် လာတာပေါ့ "

" ဒါဆို ထမင်းစားပြီးမှ ပြန် အခု စန္ဒာက ရေချိုးမလို့
ရေချိုးမလား ထမီ ပေးမယ်လေ "

" ရေချိုးပေးမလို့လား 😁"

" ဒါဆို တစ်ကိုယ်လုံးချွတ်ပြီး တိုက်ချွတ်ပေးမယ် "

ကောင်းကင်ပေါ်ကစန္ဒာလမင်း(on going)Where stories live. Discover now