" တာ အခုချက်ချင်း ငါ့နောက်လိုက်ခဲ့ "
" ဟုတ်ဟုတ်.... "
" ဟို...ဆရာမ ခဏလေးနော် တောင်းပန်ပါတယ် "တာရဲ့ချစ်ရသူကတော့ သဝန်တိုလွန်းလို့ တာကိုတစ်ချက်မကြည့်ဘဲ ဘေးနားက ဖြတ်သွားသည်။ တာလည်း အမှီပြေးလိုက်ရတော့သည်။ ကြောက်ကြောက်နဲ့ လမ်းမှာလည်းမပြောရဲ သူမ မျက်နှာကလည်းမာထန်လို့နေသည်။ ဆရာနားနေခန်းရောက်တော့ ဘယ်ဆရာမ မှ ရှိမနေဘူး ဘာလို့ဆို ကျောင်းတက်ချိန်ထက် တစ်နာရီကျော်လောက်စောလာခဲ့တာ ကျောင်းကနေမှ သွားရမှာကို
သူမရဲ့စားပွဲမှာထိုင်ပြီး ခုံပေါ်ကို ဘူးတစ်ဘူးပစ်တင်လိုက်သည်။
" ရော့ ယူသွား ငါ့မျက်စိရှေ့မှာမစားနဲ့ အပြင်ထွက်စား"
စားစရာတစ်ခုခုတော့ထင်သည်။ တာ ရန်ကုန်သွားမှာမို့ ဗိုက်ဆာမှာစိုးလို့ လုပ်လာပေးသည်။ ချစ်ဖို့ကောင်းလိုက်တာ" ဘာဖြစ်လို့လဲ ဆရာမ ဘေးမှာ စားလို့မရဘူးလားဟင် "
" အော် ကိုယ့်ကိုကိုယ် ဘာလုပ်ထားလဲသိတယ်မလား ဒါတောင် မတောင်းပန်တဲ့အပြင် အနားမှာစားချင်သေးတယ်ပေါ့ "
စန္ဒာအရမ်းစိတ်ဆိုးနေတာအမှန်ပါ သို့ပေမယ့် ကို့ကလေး ဗိုက်ဆာနေမှာတော့စိုးရိမ်တယ် သူမျက်နှာကိုတော့လုံးဝမကြည့်ချင်ဘူး သူ့အတွက်လုပ်လာပေးရတာ မနက်စောစောထပြီး သူကတော့ ကိုယ်ကြိုက်တဲ့ပန်းကို တခြားသူကိုပေးရက်တယ်" တာ တောင်းပန်ပါတယ် ရှင်းပြပါရစေနော် "
" မျက်စိနဲ့မြင်တာကို ဘာရှင်းပြချင်သေးတာလဲ သွားအခုထွက်သွား နင့်အသံလည်းမကြားချင်ဘူး နင့်ရုပ်လည်းမမြင်ဘူး အခုလိုငါဂရုစိုက်ပေးမိတာ ဒါနောက်ဆုံးပဲ "
သူကမှ လက်သင့်မခံတော့ဘဲ ကိုယ်ကနောက်ဆုတ်ပေးရမှာပေါ့ တာ သူမနောက်ဆုံးလုပ်ပေးတဲ့မနက်စာကို တယုတယ ပိုက်ရင်း အခန်းပြင်ကိုပြေးထွက်လာသည်။ အပြင်ရောက်တာနဲ့ တာ မျက်ရည်တွေကိုမထိန်းနိုင်တော့ပါ သူပေးတဲ့ဒဏ်ရာတွေက ရင်ထဲမှာဆူးအဖြစ်စိုက်နေပြီလေ တာ ဘယ်တော့မှသူမဘေးက ထွက်မသွားနိုင်ပါဘူး
" အခုချိန်လောက်ဆို သူ့ဆရာမနဲ့အတူစားနေလောက်ရောပေါ့ ဒီကတော့ ချစ်လွန်းလို့ ကိုယ့်အသွေးအသားတွေကိုပေးဆပ်ခဲ့တယ် သူကတော့ နောက်တစ်ေယာက်ကိုပြောင်းလဲသွားရက်တယ် ပြောတော့ ဒီနှင်းဆီလေးတွေက စန္ဒာတစ်ယောက်တည်းအတွက်ပါဆို ရှင်ရယ် အဟင့်...အဟင့်...."
![](https://img.wattpad.com/cover/325776791-288-k905873.jpg)