_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
"ပတ်ခ်ဆောင်ဟွန်းရှီ အိမ်ပြန်ရတော့မယ်ထင်တယ်နော် ရုံးခန်းရှေ့မှာ ရှင့်ခင်ပွန်းလေးစောင့်နေတယ်"
အမှုတစ်ခုခုဆို တူတူကိုင်နေကျမို့ရင်းနှီးနေတဲ့ စီနီယာအမက စသလိုလိုနဲ့ ဆောင်ဟွန်းပုခုံးကိုပုတ်ရင်း ရုံးဆင်းခွင့်ပြုသည်။
"ဒါပေမယ့် ကျွန်တော့်အလုပ်တွေကမပြတ်သေးဘူး"
"အလျင်မလိုပါဘူး ဒီမှာအပြီးလုပ်လို့ဘယ်သူပြောလဲနော်။ အိမ်သယ်သွားလေ ဟိုမှာ သူ့ယောက်ျားလေးကို နင်းကန်ခိုင်းနေပါတယ်ဆိုပြီး ငါတို့ရုံးကိုမြေလှန်ပြီးသောင်းကျန်းရင်ဘယ်လိုလုပ်မလဲ"
စီနီယာမမက သဘောအကျကြီးကျပြီးစနောက်သောအခါ ဆောင်ဟွန်းလည်း ခေါင်းငုံ့ရင်းအလိုက်သင့်လေးပြုံးပြပြီး ရုံးဆင်းဖို့ပစ္စည်းတွေသိမ်းဆည်းနေလိုက်သည်။
တကယ်တမ်းဘေးလူအမြင်ရဲ့တစ်ဝက်လောက်သာအချစ်ခံရရင် ပတ်ခ်ဆောင်ဟွန်းတို့ကံမတရားကောင်းနေပါပြီ။
ပစ္စည်းတွေသိမ်းပြီးထွက်လာတော့ ထိုင်ခုံမှာ ခြေထောက်တွေကိုလွှဲကာ နာရီတကြည့်ကြည့်နဲ့ထိုင်စောင့်နေတဲ့ ဂျုံဆောင်းကိုတွေ့ရသည်။ ကျိန်းသေ ကိစ္စတစ်ခုခုရှိမှာပါ။ လက်ထပ်ထားတဲ့ တစ်နှစ်နီးပါးအတွင်းမှာ ထိုအလိုက်ကန်းဆိုးမသိတတ်သူလေးဟာ အရေးအကြောင်းတစ်ခုခုရှိမှ ဆောင်ဟွန်းဘက်လှည့်လာတတ်တာပဲလေ။
"ဒီနေ့အလုပ်စောဆင်းလာတာလား
ပြီးတော့ ကြားသားမိုးကြိုး မင်းကငါ့ကိုလာကြိုနေသေး""အင်း ညစာအပြင်မှာစားရအောင် ဆောင်ဟွန်း ငါတိုင်ပင်စရာရှိလို့။ အင်း တောင်းဆိုတယ်ပဲထားပါ"
"ထူးထူးဆန်းဆန်းပါလား ပြောပါဦး ဘာများလဲ"
"အေးဆေးပေါ့ကွာ ညစာစားရင်းပြောပြမယ်"
အမှန်တိုင်းပြောရရင် ဆောင်ဟွန်း ရင်ခုန်သလို ရင်လည်းတုန်သည်။ ပေါင်းသင့်သလောက်ပေါင်းပြီးနောက် ကွာရှင်းလိုက်လို့လည်း လူမြင်တင့်တယ်လောက်ပြီဆိုတဲ့အချိန်များရောက်လာလို့ ကွာရှင်းဖို့ပြောမလို့ပဲလား မသိနိုင်ဘူးလေ။