Unicode
သာမန်ရုံးဖွင့်ကျောင်းဖွင့်ရက်တစ်ရက်ဖြစ်သည်။ ဂျုံဆောင်းဆိုင်မှအိမ်သို့အပြန် ကားပေါ်မှာပျင်းပျင်းရှိတာနဲ့ FMမှသီချင်းဖွင့်ပေးသည့် အစီအစဉ်ကိုဖွင့်ထားသည်။
အကြိုက်တွေ့သည့်အဖေတို့ေခတ်ကသီချင်းတွေများလွှင့်ရင် ကားမှန်အပြည့်တင်ရင်းမောင်းနေတဲ့ဂျုံဆောင်းက အားရပါးရကို လိုက်ဆိုဖြစ်သေးသည်။
...ကဲ ယခုတစ်ဖန်အလှည့်ကျတာကတော့ လူငယ်တွေအကြိုက် မကြာသေးမီကထွက်ရှိထားတဲ့သီချင်းလေးတွေ၊ ဒါမှမဟုတ် ဒီတလောမှာရေပန်းပြန်စားနေတဲ့သီချင်းလေးတွေကို ဖွင့်ပြပေးသွားမှာဖြစ်ပါတယ်ရှင့်...
...ဟုတ်ပါပြီရှင် ဆိုရာရေ ကဲ ခုတလော နားဆင်သူပရိတ်သတ်တွေ ပတ်ဝန်းကျင်မှာ မကြာမကြာကြားနေတဲ့သီချင်းလေးတွေရော ပါဝင်နေမလား ရင်ခုန်စရာကြီးနော်...
...ဟုတ်ပါရဲ့နော် ကဲ ကျမတို့***FMရဲ့ ပင်တိုင်ပရိတ်သတ်ကြီးတို့ ကြားနေကျသီချင်းလေးတွေပါဝင်မလား စောင့်ကြည့်နားထောင်ပေးကြပါဦး...
...ဟုတ်ပြီယူရီရေ ပထမဆုံးတစ်ပုဒ်အနေနဲ့ ကျမတို့ပတ်ဝန်းကျင်မှာ အနည်းဆုံးတစ်နေ့တစ်ခါကြားနေရတဲ့သီချင်းလေးတစ်ပုဒ်ကိုဖွင့်ပြချင်ပါတယ်ရှင် ယူရီရော ဘယ်သီချင်းဖြစ်မလဲခန့်မှန်းကြည့်မလား...
...မဟုတ်မှလွဲ SHINEEအဖွဲ့ရဲ့ Replayများလား...
...အဟုတ်ပါပဲယူရီရေ ကဲ တူတူနားဆင်ကြရအောင်လား...
ဂျုံဆောင်းကတော့ နောက်ပိုင်းလူငယ်တွေနားထောင်ဖြစ်တဲ့သီချင်းတွေကို သိပ်နားမထောင်ဖြစ်တာမို့သိမနေပါ။ခုလည်း အားရပါးရလိုက်ဆိုမယ်ကြံကာမှ မရသည့်သီချင်းဖြစ်နေတာမို့ စိတ်ညစ်ညစ်ဖြင့် တံတွေးကိုမျိုချကာ မကျေမနပ်ဖြစ်နေတော့သည်။
နားထဲတွင်တော့စောစောကသီချင်းသံလေး ငြိမ့်ငြိမ့်ညောင်းညောင်းကဝင်ရောက်နေလေသည်။
လူငယ်လေးတွေနားထောင်နေကျဆိုတော့....?
ဟိုကောင်လေးပတ်ခ်ဆောင်ဟွန်းရော ဒါနားထောင်ပြီး သူ့စီနီယာမမတွေကိုများခုလိုကြူးနေလေမလားလို့ ဂျုံဆောင်းအတွေးထဲဝင်ရောက်လာတော့ သူ့ကိုယ်သူတောင်သတိမထားမိခင် အောက်နှုတ်ခမ်းအား ကိုက်ထားမိနေပြီ။ဖြစ်နိုင်ရင်တော့ ပတ်ခ်ဆောင်ဟွန်းရဲ့ playlistထဲကသီချင်းတွေကိုဝင်စစ်ကြည့်ချင်မိပါရဲ့။