_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
"ပတ်ခ်ဆောင်ဟွန်းရယ် ဘတ်စ်ကားနဲ့ဆိုအိမ်ပြန်နောက်ကျမှာစိုးလို့ မင်းကားနဲ့လမ်းကြုံလိုက်ပါတယ်ဆို ကစားကွင်းကိုဘာဝင်လုပ်မလို့လဲ။ ကားလေးတစ်ခါပျက်ရတာလည်း မလွယ်ပါ့လားနော်"
"ဂျယ်ယွန်းရာ ကစားကွင်းရောက်ရင် ငါဆင်းနေခဲ့ပါ့မယ် မင်းငါ့ကားယူသွားလိုက် ဟုတ်ပြီလား။ အလုပ်ဆင်းတာစောတော့ သားတို့နဲ့ကစားကွင်းမှာအချိန်လိုက်ဖြုန်းပေးမလို့။ ခုတော့ တိတ်တိတ်လေးနဲ့ငြိမ်ငြိမ်လေးလိုက်ခဲ့"
ထင်ထားတာထက်အဆင်ပြေပြေပြီးသွားတဲ့အမှုကိစ္စကြောင့် ဆောင်ဟွန်းအချိန်မီတာမို့ ကစားကွင်းကိုလိုက်လာခြင်းဖြစ်သည်။
"ဟော ဟိုမှာ သူတို့"
"အွန်း Liamက မတွေ့ရတဲ့သုံးလလောက်အတွင်း အရပ်ကြီးရှည်လာတယ်နော် ထွားလည်းထွားလာတယ် ကြည့်ရတာမင်းယောက္ခမရှာထားတဲ့သူကအဆင်ေပြတဲ့ပုံပဲ"
"အဆင်ပြေတာမှမပြောနဲ့ ဂျုံဆောင်းနဲ့တောင်တည့်သွားပြီ ကဲ ရော့ကားသော့ ငါသွားပြီဂျယ်ယွန်း "
ဂျယ်ယွန်းနောက်လှည့်မသွားခင်မှာ ရေခဲမုန့်တွေမနိုင်မနင်းသယ်လာတဲ့ဟီဆွန်းက ဂျုံဆောင်းနဲ့Liamဆီပြေးလာလေသည်။
"နေဦး သူ့တို့ဘေးက?"
"ဟီဆွန်းလေအဲ့ဒါ သားသားရဲ့အသည်းစွဲ
မင်းသိလို့လား""အာ အာ လူမှားသွားတာ ဆောင်ဟွန်းရဲ့။ ကဲပါ ငါပြန်ပြီ မနက်ဖြန်တွေ့မယ်နော်"
"အင်းအင်း ကားဂရုစိုက်မောင်း"
"ဟာ ပါပါးလာတယ်"
Liamက Banana milkဗူးလေးကိုင်ကာဆောင်ဟွန်းဆီပြေးလာတော့ ဆောင်ဟွန်းကအားရပါးရလွှဲပြီးချီလိုက်သည်။
ချက်ချင်းပင်အနားကလေထုဟာ နေရခက်ခြင်းအငွေ့အသက်တွေနဲ့ပြည့်နှက်လို့သွားတော့တယ်။
ပြီးတော့ ဂျုံဆောင်းကလည်း ဆောင်ဟွန်းကိုကြည့်နေလိုက်တာများ အဝေးကိုလွင့်သွားစေချင်တဲ့အမှိုက်တစ်စလိုမျိုး။
ဆောင်ဟွန်းဟာမမြင်ရတဲ့စက်ကွင်းတွေရဲ့အဖျားခတ်မှုကိုခံစားလိုက်ရတော့ ရင်ထဲကျင်ခနဲ။