zawgyi code
ဒီနေ့ဟာ ဩဂုတ်လ ၆ရက် အစ်ကိုနဲ့ ကျွန်တော့်ရဲ့ ၃လပြည့် anniversaryရောက်ဖို့ နှစ်ရက်အလို...။ မနက်သုံးနာရီခွဲမှာ ဆက်အိပ်လို့မရတော့တာကြောင့် ခေါင်းအုံးအောက်မှာရှိတဲ့ဖုန်းကိုယူပြီး ဂိမ်းဆော့ဖို့လုပ်လိုက်တယ်။
"ဟေ့...ညီ"
သဒ္ဓါအေးဂိမ်းဆော့ခါနီးကျတော့မိုးတိမ်ပြာဆီကစာဝင်လာတာကြောင့် ဂိမ်းထဲကပြန်ထွက်ပြီး မိုးတိမ်ပြာကိုသာ အာရုံစိုက်ရပြန်ပြီ။
"ဗျာ"
အစ်ကိုပို့လိုက်တဲ့စာတစ်စောင်ကိုလျစ်လျူရှုလို့ရပေမဲ့
မလုပ်ရက်တာကြောင့်ပြန်ထူးမိတယ်။အစ်ကိုနဲ့ပတ်သက်ရင် ဘာကိုမှ ငြင်းပယ်နိုင်စွမ်းမရှိပေ...။"နိုးနေတာဘဲ"
"ဟုတ်...ဟီး"
နည်းနည်းလေးမှမျက်နှာချိုမသွေးပြရရင်သဒ္ဓါအေးမဟုတ်တာကြောင့် မျက်နှာချိုသွေးကာ စပ်ဖြဲဖြဲရုပ်ပြောင်ပုံလေးကိုလဲပို့ရသေးတယ်။
"အဆူခံရတော့မယ်...လာပြောင်နေတယ်"
"ဆူပါနဲ့"
အစ်ကိုနဲ့စကားပြောရင်ချွဲသွားတဲ့အကျင့်ကဘယ်ကဘယ်လိုရောက်လာမှန်းမသိပေမဲ့ ဒါတွေကဘဲ အစ်ကို့ကိုအကြာကြီး ချည်နှောင်ထားနိုင်လိမ့်မယ်လို့တွေးမိတယ်။ စာရိုက်နေတာသိရင်တောင် ချွဲပြနေမှန်းသိသာတဲ့ ပုံစံကိုသူ့အလိုလိုပြောင်းလဲသွားတာ အစ်ကို သိပါလေစ...။
"အခုချိန်ထိဘာလုပ်နေတာလဲ...ဟမ်"
ဒါဟာစာတစ်စောင်ဘဲဆိုပေမဲ့ လေသံကိုခန့်မှန်းမိနေတဲ့ကျွန်တော့်အတွက်တော့ အစ်ကိုဟာ အော်လိုက်သလားလို့အတွေးဝင်ရပြန်ပြီ။
"ခုမှနိုးတာပါ ခုချိန်ထိမအိပ်သေးတာ မဟုတ်ဘူး"
ဆင်ခြေရယ်လို့လဲမဟုတ်ပေမဲ့သူ့ဆူပူမှုတွေကို သဘောကျလေ့မရှိတော့ သူမဆူအောင် ပြောတတ်ရသေးတယ်။
"အင်း...ဒါဆိုလဲပြီးရော အခုပြန်အိပ်"
"ဟုတ်"
ငြင်းဆန်တဲ့စကားမရှိတဲ့ကမ္ဘာမှာသူ့ကိုကျွန်တော်ထားထားတာမို့ ကျွန်တော်ကိုယ်တိုင်လဲ သူ့စကားတွေကိုခေါင်းခါခွင့်မရှိပေ။
ခေါင်းအုံးနှင့်ခေါင်းကိုထိလိုက်ပြီး ငါးမိနစ်ဆယ်မိနှစ်မျှအကြာတွင် ကျွန်တော် အိပ်မက်ကမ္ဘာသို့ခြေချလိုက်ရတယ်။
BẠN ĐANG ĐỌC
ခိုနားရာ (အပိုဆု) Completed
Lãng mạnဘာကြောင့်ဝေးလဲ ဘာကြောင့်ငြင်းလဲ ငါဘာကြောင့်ပြေးခဲ့လဲ ဘာကြောင့်ဝေးလဲ ဘာကြောင့်ငြင်းလဲ ငါဘာကြောင့်ပြေးခဲ့လဲ Start date (Nov.2.2022) End date (Dec.30.2022)