Part 11

333 19 0
                                    

အစ်ကို့accountထဲမရောက်တာ တစ်လတောင်ကျော်လာခဲ့ပြီဖြစ်သလို ဒီရက်ထဲလဲ အနေစိမ်းနေကြတာကြောင့်ဆက်ဆံရေးဟာ ပျင်းရိစရာအတိပင်ဖြစ်နေလေ၏။

မကြာခင်သံယောဇဉ်ကြိုးကလေးလပြည့်တော့မှာဖြစ်ပေမဲ့ ကိုယ်ဟာ တစ်ကြိမ်တစ်ခါတောင် မချည်နှောင်ခဲ့လေတော့သူဟာ လူလွတ်တစ်ယောက်လိုဘဲဖြစ်နေရှာမလားတော့မသိ။

"အစ်ကို..."

"ဗျာ..."

"သီချင်းဆိုပြ"

သူ့အားသီချင်းဆိုပြခိုင်းမိပြန်တယ်။ဒီလိုတောင်းဆိုမှုကတော့ အနှိုင်းမဲ့ အေးချမ်းခြင်းတွေပေါ့လေ။

"အင်း ခဏစောင့်"

ခဏစောင့်ဟုဆိုကာသူ လိုင်းပေါ်ကဆင်းသွား၏ရင်ခုန်သံကကျယ်လောင်တာထက်ပိုရင်း သူ့အသံအား စောင့်ဆိုင်းမိတယ်။ သိပ်တော့မကြာလိုက်ပေ…၊အသံဖိုင်တစ်ခုရောက်လာလေပြီ။

"ဘယ်လောက်ငါ့ကိုမင်းချစ်ဖူးမလဲငါမသိ ဘယ်ထိငါ့ကိုမင်းလှည့်စားမယ်ငါမကြည့် ဘယ်ခါစိတ်လေးချမ်းမြေ့ရမယ်ငါမသိ...ဒါကို ပုံအောလို့ ချစ်မိပြီ"

အေးမြပြီ ကြည်လင်သေအသံနှင့်သီချင်းဆိုပြတဲ့သူ့ကြောင့်ကျွန်တော် အချစ်ပိုရပြန်တယ်။ တစ်ရက်ထက်တစ်ရက်ပိုပြီး ငြိတွယ်လာလိုက်တာ ကိုယ့်ကိုယ်ကို ချုပ်နှောင်မိနေမှန်းတောင်မသိတဲ့အထိလေ။

အားကိုးချင်တဲ့စိတ်ကသူ့ကိုပါဆိုရင်ကျွန်တော်ဟာရူးသွပ်တာထက်တောင် ပိုနေပြီမဟုတ်လား…။ ဘယ်လိုဘဲဖြစ်ဖြစ် ဒါက ချစ်ခြင်းတွေဘဲလေ။

"ကဲ…ညီ…ကိုယ်ရေချိုးဦးမယ်"

"ဟုတ်ကဲ့ အစ်ကို"

ကျွန်တော်အစ်ကို့ကိုစာပြန်ပို့ပြီးတာနဲ့မရောက်တာကြာနေပြီဖြစ်တဲ့ အစ်ကို့accountထဲကိုအပြေးအလွှားသွားမိတယ်။ အစ်ကိုနဲ့ ကျွန်တော်က friendမဖြစ်ထားလေတော့ အစ်ကိုတင်သမျှ ကျွန်တော်မမြင်ရပေ…။
ဒါဟာလဲ အစ်ကို့ကို ယုံကြည်တဲ့စိတ်ကိုးဗျ…တားမရဘူးလေ။

အစ်ကို့accountထဲဝင်လိုက်တော့ရင်ထဲဒိန်းခနဲနေအောင်ထိတ်လန့်လျှက် ခေတ္တြငိမ်သက်သွား၏။
တင်ထားသည့်postမှာ Augustလ ၁ရက်နေ့ National girlfriend's dayတွင်ဖြစ်၏။

ခိုနားရာ (အပိုဆု) CompletedWhere stories live. Discover now