4

255 35 2
                                    

‌ပျံတက်သွားတဲ့ အငွေ့တွေကြောင့် ရေနွေးအိုးကျက်သွားပြီသာဖြစ်တယ် ။

အညိုရောင် ခပ်ကြမ်းကြမ်း ပေါင်မုန့်အရှည်ကြားကို အသားပြားညှပ်ထည့်ပြီး ခပ်ကြီးကြီးကိုက်ပစ်လိုက်၏ ။

မာမီနားထောင်နေကြ သီချင်းသံဟာလည်း ပုံမှန်အတိုင်း လည်ပတ်နေသည် ။မာမီဟာ သီချင်းနောက်ကို လိုက်ညည်းတယ် ။

ဧည့်ခန်းထဲက မာမီနဲ့ဒယ်ဒီဟာလည်း အရင်အတိုင်း အရှုးအမှုးနေရာမရှောင် နမ်းတတ်ကြတုန်း ။

"Young and beautiful ... "

ချောကလက်ရောင် ဆံပင်အခွေအလိပ်တွေနဲ့မာမီဟာ ကိုယ်လုံးကို ဘယ်ပြန်ညာပြန်ယိမ်းနွဲ့ရင်း ညာဘက်လက်မှာတော့ ဝိုင်ခွက်ကို ကိုင်ထားတယ် ။

နောက်တော့ နာမည်တစ်ခုကိုခေါ်တယ် ။
'လော်ရန်'တဲ့ ။

"ဂျိမ်း သမီးလာပါဦး"

"Yes?"

မျက်မှန်ကို ဆံပင်ပေါ်လှန်တင်လိုက်ပြီး လော်ရန်ကိုပြုံးပြလိုက်၏ ။ဘာမှ ထွေထွေထူးထူးဖြစ်စရာအကြောင်းမှမရှိပဲ ။

"လော်ရန့်ကို သမီးနဲ့ခေါ်သွားနိုင်မလား"

ခေါင်းငြိမ့်ပြတော့ မာမီက လော်ရန့်ပခုံးကို ကိုင်ပြီး ပါးတစ်ဖက်ခြင်းဆီ ထိကပ်ပြီး နှုတ်ဆက်နေတယ် ။

"ဧည့်သည်ကိုခေါ်ပြီးရင် မင်းသွားချင်တဲ့နေရာကိုသွားလို့ရတယ်ဂျိမ်း ငါလမ်းတွေသိပ်မသိလို့"

"အင်း နားလည်ပြီ"

ပခုံးကိုခြင်းတိုက်ပြီးပြောတော့ သဘောတစ်ကျပြုံး၏ ။ရှေ့ကနေ ထွက်လာလိုက်ပြီး သူ့ကိုတော့ မစောင့်ဖြစ်လိုက် ။

ခြံရှေ့ကိုထွက်လာတော့ လမ်းကျဉ်းလေးတွေသာပေါ၏ ။သူ လမ်းတွေ မမှတ်မိချင်လည်း မမှတ်မိချင်စရာလေ ၊ ဆင်တူနီးပါး လမ်းကျဉ်းလေးတွေကိုမှတ်ရတာ မွေးရပ်မြေဖြစ်တဲ့ဂျိမ်းတောင် ခေါင်းရှုပ်တယ် ။

"GGlaceကိုသွားမှာ ဂျိမ်း"

"Okayyyy"

ဆံပင်ပေါ်ကမျက်မှန်ကိုပြန်ချပြီး လော်ရန့်စက်ဘီးနောက်ကနေ ဖြည်းဖြည်းချင်းလိုက်လာလိုက်သည် ။

ART BY - R -Where stories live. Discover now