2

429 44 3
                                    

"morning sweetie"

"Mornee dad"

သတင်းစာဖတ်နေတဲ့ဒယ်ဒီ့ ဘယ်ဘက်ပါးပေါ်တစ်ချက် ညာဘက်ပါးပေါ်တစ်ချက် နမ်းပြီး ထိုင်မယ်လုပ်လိုက်မှ ဘေးက လော်ရန့်ကိုသတိရသည် ။

"Mornee"

သူမကိုပါ နောက်ထပ်သုံးခါနမ်းပြီး နှုတ်ဆက်တော့ ကြည့်ရတာ အထူးအဆန်းဖြစ်နေပုံပါရယ် ။koreaကောင်မလေးကို သဘောကျတယ် ။

ဘာကိုလဲမသိပေမဲ့ ဒီတိုင်း သဘောကျမိတာ ။

"နှုတ်ဆက်နည်းပါ"

နားနားကိုကပ်ပြီး ခပ်တိုးတိုးပြောတော့ ပြုံးပြတယ် ။နားလည်သွားပြီဆိုပြီး လက်ဖမိုးပေါ်ကို အုပ်ကိုင်ရင်းက နားနားကိုပြန်ကပ်ပြောသည် ။

Asiaကသူတွေအကုန် ဒီလိုမျိုးလူစိမ်းနဲ့သက်တောင့်သက်သာဖြစ်နိုင်တာလား ။ကြားထားခဲ့တာ ဒီမှမဟုတ်ပဲ ။

"Cremaကလူသိပ်မရှုပ်လို့ လော်ရန်လည်း စိတ်သက်သာရာရမှာပါ"

"ကိုယ်လည်းအဲ့လိုပဲထင်ပါတယ်အန်တီမယ်ရီ"

Pancakeပန်ကန်ပြားနဲ့lemon juiceကရားကို စားပွဲပေါ်တင်နေရင်းကနေ မာမီကပါ စကားစလာတယ် ။

သူမကပဲ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်နေတာလား ၊ မာမီတို့ကပဲ ဖော်ရွေလွန်းနေတာလား ။ကြည့်ရတာ အခြေအနေကတော့ အဆင်မပြေစရာမရှိပါဘူး ။

"ငါတို့အိမ်က မင်းအိမ်ပါပဲ ကောင်းကောင်းလည်ခဲ့"

"ကျေးဇူးပါ ပါမောက္ခ"

ကွတ်ကီးတစ်ခုကို ယူပြီး ထလာတော့ သူမကပါ အနောက်ကပါလာသည် ။အိမ်နှစ်အိမ်ကြားက နံရံကိုမှီထားတဲ့ စက်ဘီးကို လော်ရန့် ဆီပစ်ပေးလိုက်ပြီး နောက်တစ်စီးကိုတော့ တွန်းလာလိုက်သည် ။

"ဒီလိုဆိုရင်ဖြင့် ပရော်ဖက်ဆာ လော်ရန်က ဒယ်ဒီနဲ့ ဆွေးနွေးစရာရှိလို့ cremaကိုအလည်လာတာပေါ့ ? "

ပရော်ဖက်ဆာလို့ ခေါ်တာကို သူမက သဘောတစ်ကျနဲ့ ခပ်ရေးရေးပြုံး၏ နောက်တော့ ခေါင်းတစ်ချက်သာငြိမ့်ပြတယ် ။

"Italyမှာဆို ဂျိမ်းကတော့ cremaနဲ့bellagio ကိုသဘောအကျဆုံးပဲ မွေးရပ်မြေ cremaကိုတော့ နည်းနည်းပိုပြီးပေါ့"

ART BY - R -Where stories live. Discover now