တစ်ချို့တွေကတော့ လမ်းကြားကျဉ်းကျဉ်းလေးတွေကို နှစ်သက်ကြပုံမရှိဘူး ။လော်ရန်ကစလို့ပါပဲ ။
စိတ်ကျဉ်းကျပ်သလိုလိုနဲ့ နေရတာတစ်မျိုးပဲတဲ့လေ ။
ဂျိမ်းနဲ့ သူနဲ့က လူချင်းနီးသလိုရှိပေမဲ့ စိတ်ချင်းကတော့တစ်ခြားဆီပါပဲ ။သန့်ရှင်းသပ်ရပ်နေတဲ့ လမ်းကြားကျဉ်းလေးတွေကို သဘောကျပြီး ၊ တံခါးချပ်သေးသေးလေးတွေနဲ့ ပန်းရောင်စုံတွေကိုဆို ပိုလို့တောင် ချစ်၏ ။
အထူးသဖြင့် ဂျိမ်းကMilanကိုချစ်တယ် ။
ဒါပေမဲ့ သူမလို့ကို တစ်ခြားနဲ့မတူပဲ စိတ်မကွက်မိပဲ အမြင်အသစ်ဆိုပြီး သက်တောင့်သက်သာ ဖြစ်သည် ။
"ဟေး နောက်ဆိုနွေးနွေးထွေးထွေးနေ"
သူပြောနေတာတွေကို ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေမှန်း သိတဲ့ လော်ရန်က လက်နှစ်ဖက်ကို ပါးမှာကပ်ပြီး သတိဝင်အောင်ပြောသည် ။
"တဂယ်တော့ ခင်ဗျားကို နားမလည်ဘူးရယ်"
"ဘာကို နားမလည်ရတာလဲ ? "
လော်ရန်ဟာ အူယားသလို ရယ်သည် ။လက်မောင်းကို တစ်ချက်ရိုက်တော့ မေးငေါ့ပြ၏ ။ဆက်ပြောပေါ့ ။
"Cremaမှာ တဂယ်လှတာတွေစုနေတာလေ မက်မွန်ခြံတွေ ပန်းသီးခြံတွေ ၊ ဝါကျင်ကျင်အဆောက်အုံတွေနဲ့ သစ်သားပြတင်းပေါက် တွေပေါ်မှာ ပန်းရောင်စုံတွေပွင့်နေတာကို မြင်ရတာ သဘောကျစရာကောင်းတာပဲလေ ဒီမှာပဲဆက်နေပါလားဟင်"
စကားအဆုံးမှာ လော်ရန့် ကော်လံထဲကို ခေါင်းတိုးဝင်လိုက်မိသည် ။ဟင့်အင်း ၊ သဘောမကျပါဘူး ။တစ်ယောက်ပြီးတစ်ယောက် ထွက်သွားမှာကို တဂယ်သဘောမကျပါဘူး ။
"ဒါတွေကို သဘောကျလို့ ဒီမှာနေဖို့ရာဖြစ်လာတာ မဟုတ်ဘူး ၊ အလုပ်ကြောင့်လေ တစ်ချိန်ချိန်တော့ ရုံးချုပ်အသစ်ကိုပြောင်းရမှာပဲ မဟုတ်ဘူးလား"
ခေါင်းကို နမ်းရက်ကနေ နောက်ကျောကိုပုတ်ရင်းပြောလာ၏ ။ဆင်ခြေတွေပေးရတာကို မငြီးငွေ့နိုင်သေးဘူးလို့ ပြောရအောင်လည်း ချေပနိုင်ဖို့ရာစကားလုံးကို ရှာမတွေ့တာ ။