10

196 28 1
                                    

ဆောင်းတွင်း နေဟာ ပိုပြင်းတယ်ဆိုတာ သိပ်မှန်တယ် ။'နွေရာသီလောက်တော့ ပူပါ့မလား'ဆိုတဲ့ ဂျိမ်းစကားတွေဟာ အခုတော့ ပြန်လှောင်နေပြီ ။

"ငါသေတော့မယ်ထင်တယ်"

မသာမယာ မျက်နှာနဲ့ အဲလစ်ဇာ နဖူးကို လက်သီးနဲ့ ဖွဖွထုလိုက်မိ၏ ။

တစ်နည်းမဟုတ်တစ်နည်းနဲ့ Skopelosမှ မသွားရရင် မဖြစ်ပါဘူးဆိုပြီး အမျှင်တန်းနေတာ နေ့တိုင်းလိုလို ။

"ဒွန်နာက ဒီထိတောင်လာမကြိုဘူး တဂယ်ပဲ"

စောထွက်သွားတဲ့ လှေကိုလည်း သူ့ကြောင့်ပဲ မမှီတာ ။

"နင့်စာကရောက်လားမရောက်လားတောင် သေချာမသိပဲ"

ခေါင်းခါတော့ ငိုချတော့မဲ့ပုံဖြစ်နေတဲ့ အဲလစ်ဇာဟာ မလွယ်ကြောအကြီးစားလေးပါပဲ ။သေချာအောင်ဘယ်တော့မှ မလုပ်ဘူး ။

"ကောင်မလေးတွေ Skopelosကို လိုက်ချင်လား"

မျက်လုံးတွေ လက်ခနဲဖြစ်သွားသည် ။မော့ကြည့်တော့ သင်္ဘာပေါ်က ရှုပ်ရှက်ခက်နေတဲ့ ကြိုးစတွေကို ဆွဲနေတဲ့ အမျိုးသမီးဟာ မြင်ဖူးသလိုရှိ၏ ။

"ဒွန်နာ အားးးး ဒွန်နာ"

ကမ်းကပ်လာတဲ့ သင်္ဘာပေါ်ကို အမြန်‌ပြေးတက်ပြီး အပေါ်ဝတ် တီရှပ်အရှည်ကို ချွတ်ပစ်လိုက်သည် ။

အရောင်တောက်တောက်နဲ့လူတွေကြားထဲမှာ ခပ်မှိုင်းမှိုင်း အညိုရောင်ကို သဘောကျတဲ့ လူဟာတော့ ဂျိမ်းတစ်ယောက်တည်းသာ ပါလိမ့်မည် ။

Dark brownကိုမှ ထူးထူးဆန်းဆန်း ဝတ်ထားတာလို့ မြင်ကြမှာ သေချာတယ် ။

"မယ်ရီဂျိမ်းကလိုက်မလာပြန်ဘူးလား နီနီ"

"ဟုတ်တယ် ဒွန်နာ ဒယ်ဒီမအားသေးလို့ပါ"

ဒွန်နာဟာ နှစ်နှစ်ချိုက်ချိုက်ရယ်သည် ။ဒွန်နာ့ရဲ့ ဟိုတယ်ကိုရောက်ရင်လည်း အပေါ်ကိုတက်ရတာနဲ့တင် မောဦးမှာပါပဲ ။

တဂယ် တဂယ့်မှ အမြင်ကြီး ။

"ဒွန်နာ အောက်အနိမ့်ဆုံးမှာပဲ အခန်းမရှိဘူးလားဟင်"

အတွေးတူနေတဲ့ အဲလစ်ဇာရဲ့ အမေးကြောင့် ကြိုးစတွေကို ဆွဲနေတဲ့ ဒွန်နာဟာ ဟက်ဟက်ပက်ပက် ထပ်ရယ်သည် ။

ART BY - R -Where stories live. Discover now