သာမာန် သောကြာနေ့မဟုတ်တဲ့ သောကြာနေ့တစ်ခုပါပဲ ။Skopelosက နေဝင်ချိန်နဲ့ အချိန်လှလှကလေးတွေကို သိမ်းထားလို့ရမဲ့ သောကြာနေ့ပေါ့ ။
"ချားလ်လေ တဂယ် သူနဲ့ လက်ထပ်ချင်တာ"
"နင်က တဂယ် ရှေးရိုးဆွဲကလေးမ ချားလ်လော့"
အဲလစ်ဇာဟာ ချားလ်လော့ကို ခေတ်နောက်ပြန်ဆွဲနေတယ်လို့ အမြဲပြောတယ် ။ဆယ်ကျော်သက်ဆိုတဲ့ အတိုင်း ချားလ်လော့ဟာတော့ အမြဲကလေးတွေးလေးနဲ့တွေးတတ်၏ ။
"ငါ သမီးလေးတစ်ယောက်လိုချင်တယ် ဒွန်နာလိုမျိုးဘဝနဲ့"
"အင်း ယူလေ နင်သဘောကျတဲ့လူနဲ့ပေါ့"
ချားလ်လော့ဟာ လက်မောင်းကို အသာပုတ်ပြီး မျက်လုံးလေးတွေ ဝိုင်းစက်လျက်နဲ့ ကြည့်လာ၏ ။
"ချစ်တဲ့လူနဲ့ဖြစ်သင့်တာမဟုတ်ဘူးလား"
အဲလစ်ဇာက နှာခေါင်းရှုံ့သည် ။ဂျိမ်းကတော့ ပြုံးရက်နဲ့ပဲ ချားလ်ခေါင်းလေးကို ပွတ်သပ်ပေးရင်း ခေါင်းခါပြလိုက်သည် ။
"သေချာတော့မသိသေးပါဘူးရယ်"
အသက်သုံးဆယ်နားနီးလာတာမလို့ ရီကို့ကိုလည်း မမျှော်မိတော့သလို စောင့်ရပါတယ်ဆိုတဲ့ အလုပ်တွေကိုလည်း ဂျိမ်း မုန်းတတ်လာပြီ ။
ကျော်ခဲ့ရတဲ့ အနေအထားလိုမျိုးထက် ဒီလိုမျိုးဟာ ပိုပြီးတော့ ကောင်းပါတယ်လေ ။
"အိုး ဒီမိုးကလည်း ဘာလဲ"
တံတားပေါ်မှာ ရေဆင်းကူးဖို့ ထိုင်နေကြတုန်း ရုတ်တရပ် ရွာချလာတဲ့ မိုးဟာ နားလည်ပေးချင်စရာ တစ်စက်ကလေးမှရှိမနေ ။
စုတ်တစ်ချက်သပ်ပြီး အပေါ်ကိုပြန်တက်မယ်နေတဲ့ လုပ်နေတဲ့ အဲလစ်ဇာဟာ ကြောင်ကြည့်နေတဲ့ ဂျိမ်းကို အော်ခေါ်သေးသည် ။
တစ်လောကလုံးက အသံတွေ ရပ်သွားသလို ဖြစ်သွားတဲ့ ကိုယ်ဟာလည်း မလှုပ်နိုင် ၊ မရှုပ်နိုင် ။
"သွားနှင့် ငါလာခဲ့မယ်"
"မိုးတစ်အားသဲရင် လာခဲ့တော့နော် ဂျိမ်း!"
အော်ရက်နဲ့ ချားလ်လော့ အအေးမိမှာဆိုးလို့ မြန်မြန်ပဲ အပေါ်ကိုတက်သွားတဲ့ အဲလစ်ဇာကို အာရုံထဲမှာ မရှိအားသေး ၊ အဝေးက ရပ်နေတဲ့ လူကိုသာ ဆက်ကြောင်ကြည့်မိနေသည် ။