တစ်ပေါက် ၊ နှစ်ပေါက် သာကျပြီး အုံ့မိုင်းနေတဲ့ ရာသီဥတု ။ရွာမလားဆိုတော့လည်း ကောင်းကောင်းကန်းကန်းမရွာပါဘူးရယ် ။
ပြတင်းပေါက်ကိုဖွင့်လိုက်တော့ လော်ရန့်စက်ဘီးက ခြံထဲကိုဝင်လာသည် ။သူမကို မြင်မှ နှုတ်ခမ်းကိုလက်နဲ့ပြန်ထိတဲ့အထိ လုပ်ဖြစ်ပြီး ပြုံးမိတယ် ။
"နေ့လည်အထိ အိပ်ရာထဲမှာပဲ အချိန်ကုန်မလို့လား ? "
အိ့ခနဲကျသွားတဲ့ မွေ့ရာ ၊ ခြေရင်းမှာ ထိုင်ပြီး သူမက ခြေဖဝါးတွေကို ခပ်စစထိနေသည် ။ခေါင်းရမ်းပြတော့ ရယ်၏ ။
"ဟေးဟေး လော်ရန် နာတယ်"
ခြေဖမိုးကို နှိပ်နေတဲ့ လက်တွေက အတော်အားပါတာမလို့ ခန္ဓာကိုယ်ပါ ရောယောင်မတ်သွားတဲ့အထိ ။
"ခင်ဗျား ဒီလိုဆက်လုပ်နေရင်သေတော့မှာပဲ အ့ လော်ရန်!"
"သွေးလည်ပတ်မှုကောင်းအောင်လို့ပါ"
သူမက ပခုံးစွန်းတွေလှုပ်ရမ်းသည်အထိ ရယ်တော့တယ် ။
ဂျိမ်းနဲ့မဟုတ်တောင် သူမပုံစံက ဒီလို လက်ရဲဇက်ရဲပဲလား…
တဂယ်မကြိုက်လိုက်တာ လွန်လွန်မင်းမင်းပဲ ။"ဟေး မျက်နှာလေးကရဲတွတ်နေတာပဲ စိတ်မသက်သာဖြစ်လို့လား"
"ဟင့်အင်း မဖြစ်ပါဘူး"
ပါးကို လာထိနေတဲ့ လက်ကိုရှောင်လိုက်ပြီး ပြတင်းပေါက်ဘက်ကို အကြည့်လွှဲတော့ ပြတင်းပေါက်အနားထိကပ်လာသည် ။
"အိုး ဆေးလိပ်သောက်တတ်တာလား ? "
ပါးစပ်ထဲကို ဆေးလိပ်တစ်လိပ်တေ့ပေးလာတဲ့ လောရန်ကိုကြည့်ပြီး သဘောတစ်ကျပြုံးလိုက်မိတယ် ။
ဘာလို့ဆို သူဆေးလိပ်သောက်နေတဲ့ပုံက တစ်အားကြည့်ကောင်းလွန်းလို့လေ ။Asiaသူတွေက ဘယ်လိုနေနေ မိုက်နေတာတော့ မဟုတ်ဘူးမလား ။
"ဘဝကို ဒီလိုပဲဆက်သွားနေရတာပျော်လား"
"အင်း ပျော်ပါတယ် အရာအားလုံး ဘုရားသခင်ရဲ့ကောင်းချီးပေးမှုတွေကြောင့်ပဲလေ"
နဖူးပေါ်မှာ ကျနေတဲ့ ဆံပင်ရိပ်တွေကို လော်ရန်က နားကြားထဲညှပ်ပေးပြီး စတွေ့ခါစကလိုပဲ သူမ နားလည်ကြောင်း ခေါင်းငြိမ့်ပြရင်း ငြိမ်နေသည် ။
![](https://img.wattpad.com/cover/322131998-288-k382129.jpg)