သိသိသာသာပဲမြင်နေရတဲ့ frenchသူလေး ။လော်ရန့်အတိုင်း freckleလှလှကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံရေးလည်း လူဝင်ဆံ့တယ် ။
"အောက်မဆင်းတော့ဘူးလား ဒီနေ့လည်း"
တစ်ဝက်ကျိုးနေတဲ့စာအုပ်ပုံနဲ့ ကိုယ့်ကိုကြည့်ရင်း လော်ရန်က ပြောတယ် ။
လုပ်နေကြအတိုင်း ပါးတွေကိုမို့တက်အောင်သာ ပြုံးပြဖြစ်ပြီး စကားအပိုတော့ မပြောဖြစ် ၊ သူနဲ့မျက်နှာခြင်း မဆိုင်ဖြစ်တာလည်း ကြာနေပြီ ။
သူ့ကိုကြည့်ပြီး အတွေးလွန်သွားတယ် ၊ တစ်ချက်ရယ်တဲ့လော်ရန် ။
"တာလီယာကိုကြိုဆိုပွဲရှိတယ်"
"အားနာပေမဲ့ မလာနိုင်လောက်ဘူး စာအုပ်တွေကျန်သေးတယ်"
ရုတ်တရပ် ဒူးထောက်ထိုင်ချလိုက်တဲ့လော်ရန်က မျက်နှာပေါ်က ဆံပင်စတွေကို ဖယ်ပေးသည် ။
နဖူးပေါ်ကိုဖွဖွနမ်း၏ ။ရင်ထဲထိတ်ခနဲဖြစ်သွားသည် ။
"ဟုတ်ပြီလေ မင်းစိတ်တိုင်းကျသလိုပေါ့"
ချပေးသွားတဲ့ ကွက်ကီးဗူးလေးမှာ ဖဲပြားအဖြူလေးချည်ထားသည် ။ပြောပါတယ် ။
လော်ရန်ဆီမှာ နူးညံ့တဲ့အငွေ့အသက်ကို အသေအချာပဲ ခံစားရပါတယ်လို့ . .
မျက်ခုံးပင့်ပြတော့ ပခုံးတွန့်ပြပြန်တယ် ။လော်ရန်ဟာလေလို့ ငြီးတွားပစ်လိုက်ချင်၏ ။
"Sweetie!!"
အသံအကျယ်ကြီးနဲ့ လှေကားပေါ်ကိုဒုန်းဆိုင်းတက်လာပုံကျတဲ့ အဲလစ်ဇာ ။ခေါင်းသာခါလိုက်မိသည် ။
"ဂျိမ်း အချစ်လေး ငါအကောင်းဆုံးတစ်ခုကိုတွေ့ထားတယ်"
"အွန်ဟွန်း ? ကောင်လေးအသစ်-"
ရှုံ့မဲ့သွားတဲ့ အဲလစ်ဇာ မျက်နှာက သဘောမကျကြောင်းကို အပြည့်အဝထောက်ခံနေသည် ။
"ကြည့်ပါအုံး ဒီအဝါရောင်လေး နင်နဲ့တစ်အားmatchဖြစ်ပြီးလှမှာပဲ"
"နေပါအုံး ငါ့အတွက် ဘာရှိလို့လဲ ? "
"ကြိုဆိုပွဲလေ တာလီယာလေးအတွက်"
စာအုပ်ပုံကို လက်ညိုးထိုးပြလိုက်ပေမဲ့ သူမြင်ချင်ရာကိုမြင်တဲ့ အဲလစ်ဇာဟာ ကွက်ကီးဗူးကို ကောက်ဆွဲသွားသည် ။
