9

188 34 1
                                    

"တာဝန်ကျေသွားပြီ"

လော်ရန့်ပခုံးကို ပုတ်ပြီး စကားပြောနေတဲ့ ဒယ်ဒီ ။ပူလောင်လာတာမလို့ ဧည့်ခန်းထောင့်မှာ တောင်လျှောက်မြောက်လျှောက်ဖြစ်နေတာလည်း ကြာပြီဖြစ်သည် ။

မနက်ကပဲ စာတစ်စောင် ရောက်လာပြီ ဖြစ်တယ် ။ရုံးချုပ်အသစ်ကfranceမှာပြောသည် ။ဘယ်မြို့လဲ ၊ ဘယ်နေရာလဲဆိုတာကိုတော့ ဒယ်ဒီဟာ ဂျိမ်းကိုပြောမပြပါ ။

ကိုယ်ရေးကိုယ်တာကိစ္စမလို့ ကျော်သွားသင့်သည်လေ ။

တာလီယာ့ကြောင့်များလား ၊ 'သုံးရက်ထဲရှိပါသေးတယ် လော်ရန်ရဲ့'လို့ ပေါက်ကွဲပစ်လိုက်ချင်လာ၏ ။

"မကောင်းတဲ့လူ လော်ရန်"

လက်မောင်းကို တစ်ဘုန်းဘုန်း ရိုက်တော့ ငြိမ်နေသည် ။နောက်မှ လက်ဖမိုးကို ဆွဲယူပြီး နမ်း၏ ။ရထားလက်မှတ်ဖြတ်ပြီးတာ မနေ့တစ်နေ့တည်းကကို အကြောင်းအရင်းမပြောပဲ ဘယ်လိုနေနိုင်သလဲ ။

အရူးလုံးလုံးဖြစ်အောင် စိတ်ကိုပြင်ဆင်ချိန်တောင်မပေးပဲ ။

"စိတ်မကောင်းဖြစ်မှာသိလို့"

"ဖုန်းဆက်နော်"

နောက်ဆုံး ပြောနိုင်တာ ဒီစကားတစ်ခွန်းသာ ရှိသည် ။luggageနှစ်ခုကိုအပေါ်ကနေဆွဲလာတဲ့ အချိန်ထိတောင် အဆင်ပြေသေးပေမဲ့ ရထားဂိတ်ကိုရောက်တော့ ငိုချင်လာပြီသာဖြစ်၏ ။

"Milanကိုပြန်လာနော် လော်ရန်"

"ဟုတ်ပြီ ဟုတ်ပြီ ငိုစရာမပါဘူး"

လက်နှစ်ဖက်လုံးနဲ့ ပါးကို အုပ်ကိုင်လာသည် ။ပိုငိုချင်လာတာမလို့ မှီတဲ့လည်ပင်းကို လက်နှစ်ဖက်နဲ့တင်းတင်း ဖက်ထားလိုက်မိသည် ။

စတွေ့တည်းက အရင်သတိထားမိတာလည်း ကိုယ်သာဖြစ်ပြီး နောက်ဆုံး ပြန်ပို့ရတဲ့အချိန်ထိလည်း ကိုယ်ဟာပဲ ရှုံးတယ် ။

"မငိုရဘူး ဟုတ်ပြီလား"

လက်ဖမိုးကို တင်းကြပ်အောင်ကိုင်ထားတဲ့ ဂျိမ်းကို သူတစ်စက်လေးမှ မဖယ်သလို စိတ်ပူနေပုံကြသည် ။ရထားဆိုက်လာတော့ သူ့လက်ပေါ်က အလျင်စလိုပဲ ဖယ်လိုက်မိ၏ ။

ART BY - R -Where stories live. Discover now