*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား* 😍😍😍အပိုင်း-(1)
"ဘိုင့်ဘိုင့် ဒယ်ဒီ "
"ဒယ်ဒီ ကားကို ဂရုစိုက်မောင်းအုံးနော် ""ဟုတ်ကဲ့ပါ..ဒီက ရောင်လေးရဲ့အမိန့်အတိုင်းပါ" "ဒယ်ဒီဖြေးဖြေးမောင်းမယ် ဟုတ်ပြီလား "
အလင်းသစ် သမီးရောင်လေးရဲ့ခေါင်းလေးကို အသာလေး
ကိုင်ပြီး ပြောလိုက်လေသည်။ဆယ့်သုံးနှစ်အရွယ် ဝတုတ်မလေး ရောင်ခြယ်လင်းတစ်ယောက်
သူ့ဒယ်ဒီ ကျောင်းပေါက်ဝကို လိုက်ပို့ပေးပြီးတဲ့နောက်မှာ
ကျောင်းထဲကို ဝင်လာလေသည်။"ဖက်တီးမ".... "ဖက်တီး.မ." ." ဖက်တီးမကြီး "
လာပြီဟေ့........ကျောင်းထဲဝင်ဝင်ချင်းအမြဲတမ်း သူ့ကိုစနောက်နေတဲ့ တိမ်စိုင်တိုက်ကို
ကြည့်ပြီး ရောင်ခြယ်လင်းအမြဲတမ်းစိတ်တိုရသည်။" ဒီမှာ တိမ်စိုင်တိုက်... "
".ငါ့ကို ဖက်တီးမ လို့မခေါ်နဲ့ ..ငါမကြိုက်ဘူး "
"ခေါ်ချင်ရင် ငါ့နာမည် ရောင်ခြယ်လင်း ကို ပဲခေါ် ""ခေါ်မှာပဲ ဖက်တီးမ လို့"
"တိမ်စိုင်တိုက်တို့က ဖက်တီးမ မို့လို့ ဖက်တီးမ လို့ခေါ်တာ"
"အဲ့တာ ဘာဖြစ်လဲ ဖက်တီးမကြီးရဲ့... ""ငါပြောနေတယ်နော် " "ငါ့ကို ဖက်တီးမ လို့မခေါ်နဲ့" "ရောင်ခြယ်လင်းလို့ခေါ် ......"
"ဖက်တီးမ.".. "ဖက်တီးမ"... "ဖက်တီးမ"..
"တော်တော်ခေါ်ချင်နေတာပေါ့..ဟုတ်လား
ငါ့အကြောင်း သိစေရမယ်"
ပြောပြီး ရောင် တစ်ယောက် အနီးနားက အုတ်နီခဲကို မ ပြီး
ဒုတ်.....
တိမ်စိုင်တိုက် ခေါင်းကို ထုလိုက်လေသည်။"သွေးတွေ"..." သွေးတွေ."...
တိမ်စိုင်တိုက် သူ့ခေါင်းက စီးကျလာတဲ့သွေးတွေကို ကြည့်ပြီး
မူးလဲသွားတော့သည်။ထိုအချိန် ဘေးနားက ဆရာမတစ်ယောက်ဖြတ်သွားရင်းနဲ့
ရောင်ခြယ်လင်းလက်ထဲက အုတ်နီခဲကို မြင်ပြီး အနားမှာ မေ့လဲနေတဲ့ တိမ်စိုင်တိုက်ကို တွေ့သွားလေသည်။🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼🖼
ရောင်ခြယ်လင်းရဲ့ ဒယ်ဒီနဲ့မာမီလည်း ကျောင်းအုပ်ကြီးက
ဖုန်းဆက်ပြီး လှမ်းခေါ်လိုက်တာကြောင့် အခုဆို ရုံးခန်းထဲကို
ရောက်နေပြီလေ။
YOU ARE READING
အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)
Romanceမင်းကို ငါ အရမ်းမုန်းတယ် ဖက်တီးမ ဒါပေမဲ့ မုန်းတယ်ပြောပြီး မင်းက ငါ့ စိတ်ထဲ ရှိနေရတာလဲ ဖက်တီးမ