*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(13)
တိုက် ပါးကို ပန်ဆုဝေ နမ်းလိုက်တာကြောင့် ရောင် ရင်ထဲ
အောင့်သက်သက်ဖြစ်သွားလေသည်။"ပန်ဆုဝေ မင်းခဏဖယ်အုံး "
"ရောင်ခြယ်လင်း နဲ့ငါနဲ့ ဒီနေ့ပဲ....
လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးလိုက်ပြီ ဒါကြောင့် ရောင်ခြယ်လင်းကို မင်းတို့နှစ်ယောက် လက်လျှော့လိုက်ကြတော့"တိုက်ရဲ့ စကားဆုံးတာနဲ့ သူတို့အကုန်လုံး အံ့ဩသွားကြလေသည်။
ရောင် လည်း တိုက် ဒီလိုပြောမယ် မထင်ထားတာကြောင့်
သူမ ပါအံ့ဩသွားလေသည်။""တိုက်""" ငါ့ကရော ......
ငါ့ကို နင်ဘာလို့ သစ္စာဖောက်ရတာလဲ
ငါ နင်ပြန်အလာကိုလေ ငါးနှစ်တိတိစောင့်ခဲ့တဲ့သူပါ ဟာ "
တိုက် ရင်ဘတ်ကို အသားကုန်ထုပြီး ငိုရင်းနဲ့ ပြောနေတဲ့
ပန်ဆုဝေ ကြောင့် အကုန်လုံး စိတ်မကောင်းသလို ခံစားလိုက်ရလေသည်။""တိမ်စိုင်တိုက်...မင်းကွာ """
"""ဟာကွာ....တိမ်စိုင်တိုက်"""
နေသွေး နဲ့ သုတ တိမ်စိုင်တိုက် နာမည်ကို ခေါ်ပြီး
ဒေါသထွက်နေလေသည်။
ရောင် ကိုချစ်လား မေးတုန်းက အမှန်တိုင်းမပြောခဲ့တဲ့အတွက်ရော
အခုသူတို့နှစ်ယောက်ရဲ့ နှလုံးသားတွေကို တစ်စစီရိုက်ချိုးပစ်လိုက်တာကြောင့် တိုက်ကို လက်သီးနဲ့ထိုးပစ်လိုက်ချင်တဲ့စိတ်တွေကို
နေသွေး နဲ့ သုတ မနည်းထိန်းနေရသည်။နေသွေး မခံစားနိုင်တာနဲ့ ဘာမှပြောမနေတော့ဘဲ အမြန်ထွက်လာခဲ့သည်။
နေသွေး ထွက်သွားတာနဲ့ သုသု လည်း နောက်ကနေ အမြန်ပြေးလိုက်သွားလေသည်။""မင်းနဲ့ ငါနဲ့ သူငယ်ချင်း သံယောဇဉ် ဒီနေ့ဘဲ ပြတ်ပြီ
တိမ်စိုင်တိုက် ..."""
သူ့ရင်ဘတ်ကို လက်သီးနဲ့ ထိုးပြီး ထွက်သွားတဲ့ သုတ ကို
တိုက် ဒီအတိုင်းပဲ ကြည့်နေမိသည်။ အခုလောလောဆယ်
သူ ဘယ်သူ့ကိုမှ တောင်းပန်ဖို့ စိတ်ကူးမရှိသေးပါ ။
သူ ရောင့်ကို ဘာကြောင့် လက်ထပ်ခဲ့တာလည်းဆိုတဲ့ အဖြေ
သူ့ဆီမှာ မရှိသေးတာပါ။ သူ ခံယူထားတာကတော့
ရောင့် ကိုလက်စားချေဖို့အတွက်ပင်။
YOU ARE READING
အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)
Romanceမင်းကို ငါ အရမ်းမုန်းတယ် ဖက်တီးမ ဒါပေမဲ့ မုန်းတယ်ပြောပြီး မင်းက ငါ့ စိတ်ထဲ ရှိနေရတာလဲ ဖက်တီးမ