Part - 8 ( Zg + Uni)

4.4K 113 1
                                    

*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(8)

"အခုချက်​ချင်း ​အောက်​ဆင်းလာခဲ့ ​ဖက်​တီးမ မင်းငါ့အ​ကြောင်း
ကောင်း​ကောင်းသိ​စေရမယ်​ "

"​ကြောက်လိုက်​တာ တိမ်​စိုင်​တိုက်​ရာ ငါက နင့်​ကိုအရမ်း​ကြောက်​တာပဲ "
သူမ ခန္ဓာကိုယ်​​လေးကို ကျုံ့ပြီး လက်​နှစ်​ဖက်​ကပါ
ရင်​ဝယ်​ပိုက်​ရင်းနဲ့ ​ကြောက်​တဲ့ပုံစံ ​ရောင်​ခြယ်​လင်းလုပ်​ပြ​နေရင်း
အမှတ်​မထင်​ သစ်​ကိုင်း​ခြောက်​အကျိုးကို တက်​နင်းမိသွားပြီး...
အား...........

အမြင့်ကနေ အောက်က မြေကြီးပေါ်ကို ပြုတ်ကျသွားတဲ့ အတွက်ကြောင့် အရမ်းလန့်ပြီး သူမ မျက်လုံးတွေကို ရောင်ခြယ်လင်း အသားကုန်မှိတ်ထားလေသည်။
သူမ ထင်ထားသလို မြေကြီးပေါ်ကို အင်နဲ့အားနဲ့ မကျတဲ့အပြင် ဘာမှမဖြစ်ဘဲ အိစက်စက်အရာ တစ်ခုအပေါ် ကျမိလို့ မျက်လုံးကို ဖြေးညင်းစွာ ရောင် ဖွင့်ကြည့်လိုက်လေသည်။
ထိုအခါ ရောင် တွေ့လိုက်ရတာက သူမကိုယ်လေးက တိုက်ရင်ခွင်ထဲမှာ နေရာအပြည့်ယူထားလျက်ပင်။

တစ်စုံတစ်ရာရဲ့ ဆွဲအားကြောင့်လားမသိ။ ရုတ်တရက်ဆိုတော့
ရောင် တိုက်ကိုယ်ပေါ်ကနေ မဖယ်သေးဘဲ ညှို့ဓာတ်ပြင်းတဲ့
တိုက်မျက်ဝန်းတစ်စုံကြောင့် ယောင်ပြီး ငေးကြည့်နေလိုက်မိသည်။

"ဒီတစ်သက် မင်းငါ့ကို ငေးကြည့်တာပြီးအုံးမလား ပြီးတော့ ငါ့ကိုယ်ပေါ်ကနေရော ထအုံးမလား ဖက်တီးမ "

"ဘယ်သူ့က နင့်ကို ငေးကြည့်နေလို့လဲ အရူးကောင်ရဲ့
ငါကြောက်လို့ စဉ်းစားနေတာ ''
ပြောရင်းနဲ့ တိုက်ကိုယ်ပေါ်ကနေ ဆူပုတ်ပုတ်နဲ့ ရောင် ဆင်းသွားလေသည်။

ရောင်ခြယ်လင်း သူ့ကိုယ်ပေါ်ကနေ ဆင်းသွားတာနဲ့ တိုက်လည်း
အသားကုန် ညီးလေသည်။
"အား... ကျွတ်စ်.. ကျွတ် နာလိုက်တာ ဖက်တီးမကိုယ်ကြီးကို
ဖမ်းရတာကလည်း မလွယ်ပါလား အီးထွက်ပြီး သေလောက်တယ်
အဲ့ဒီလောက်လေးပုံမျိုးနဲ့ ဆိုရင် "

"နင်... နင်.. နင်..တိမ်စိုင်တိုက် အရှက်မရှိတဲ့ကောင် အရူးကောင်..ဘဝင်ရူးကောင် အပေါက်ဆိုးတဲ့ကောင် နောက်ပြီး
မိန်းကလေးနဲ့တောင် လိုက်ပြိုင်တဲ့ အခြောက်ကောင် "

အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)Where stories live. Discover now