*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(12)
သူ ရောင်အပေါ်ပိုင်းကို ငေးနေမိတာနဲ့ ဘရာဇီယာကို
အတင်းဆွဲချွတ်နေတဲ့ ရောင် ရဲ့ လက်လေးကြောင့် ပြောစရာစကားပင် တိုက် ပျောက်ရှသွားလေသည်။ထိုအခါ သူမြင်လိုက်ရသည်ကား ရောင်ရဲ့ ............။
မိမွေးဖဖွေးသလို အပြစ်ပြောစရာမရှိတဲ့ ရောင်ရဲ့ တစ်ကိုယ်လုံးကို
မြင်လိုက်တာနဲ့ သူ့မျက်လုံးတွေကို တိုက် အသားကုန် မှိတ်ချပစ်လိုက်လေသည်။"တိမ်စိုင်တိုက် နင် ငါ့ကိုဘာလုပ်တာလဲ နင်ငါ့ကို ဘာလုပ်တာလဲလို့ ငါမေးနေတယ်လေ အခုပြော"
ရောင် နိုးလာတာတော့ သူမ ကိုယ်ပေါ်မှာ ဘာအဝတ်အစားမှ မရှိတဲ့အပြင် နောက်ပြီး သူမဘေးနားမှာ အိပ်နေတဲ့ တိမ်စိုင်တိုက်
ကို မြင်ပြီး စိုးရိမ်စိတ်တွေ မြင့်တက်လာကာ တိုက်ကို ချက်ချင်းမေးလိုက်လေသည်။"ဟာကွာ.. ရောင်ခြယ်လင်း မင်းဘယ်လိုဖြစ်နေတာလဲ
စောစောစီးစီး ""နင် ငါ့ကို.. ငါ့ကို... "
"ဘာလဲ.. ပြောလေ ငါဘာလုပ်လို့လဲ "
"ဖြန်း..."
သူ့ပါးကို ဘာမပြောညာမပြော ရိုက်ချလိုက်တဲ့ ရောင်ခြယ်လင်း
ကြောင့် တိုက် စိတ်တိုသွားလေသည်။" လူယုတ်မာ ငါနင့်ကို အရမ်းမုန်းတယ် လွန်ခဲ့တဲ့ ငါးနှစ်က ကိစ္စကို မကျေနပ်တာနဲ့ နင်ငါ့ကို ဒီလို လုပ်တယ်ပေါ့ ထင်မထားဘူး နင်ဒီလောက်ယုတ်မာလိမ့်မယ်မှန်း...."
"ဘာကွ....ရောင်ခြယ်လင်း မင်းကွာ.....တောက်စ်"
စိတ်တွေတိုပြီး ရောင်ခြယ်လင်းကို ဒေါသမျက်ဝန်းနဲ့ တိုက် ကြည့်
နေလေသည်။
"မနေ့ညက မင်း ဆေးမိပြီး မင်းဘာသာမင်း
မင်းရဲ့ အဝတ်အစားတွေကို ချွတ်ခဲ့တာ ငါချွတ်ခဲ့တာမဟုတ်ဘူး
နောက်ပြီး ငါ့က မင်းကို မုန်းနေတဲ့အတွက် မင်းကို စော်ကားဖို့
အစီအစဉ် လုံးဝမရှိဘူး အဲ့ဒါကို မင်းမြဲမြဲမှတ်ထားလိုက်
ငါ့ဆီမှာ မင်းအတွက် အမုန်းတရားတွေပဲ ရှိတယ်..."
YOU ARE READING
အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)
Romanceမင်းကို ငါ အရမ်းမုန်းတယ် ဖက်တီးမ ဒါပေမဲ့ မုန်းတယ်ပြောပြီး မင်းက ငါ့ စိတ်ထဲ ရှိနေရတာလဲ ဖက်တီးမ