*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(6)
"အား ...အောင်မယ်လေး.. နာလိုက်တာ." ဘယ်အချိန်ကတည်းက နှင်းဆီပန်းက သူ့နားရွက်ကြားထဲ
ရောက်နေလဲဆိုတာကို သူကိုယ်တိုင်တောင် မသိလိုက်ဘဲ
တစ်ပြိုင်နက်တည်း သူရှေ့ရောက်နေသည့် ရောင်ခြယ်လင်းကိုပါ
တိမ်စိုက်တိုက် တွေ့လိုက်ရလေသည်။
"ရောင်ခြယ်လင်း..... နင်.. အား "
"ယားလိုက်တာ.. "
နာကလည်းနာ ယားကလည်းယားနဲ့ ရောယ်ခြယ်လင်းကို ပြောမဲ့စကားပင် တိမ်စိုင်တိုက် ပျောက်ရှသွားပြီး အသားကုန်ကုတ်နေလေသည်။သူ့ကို ပြန်မပြောနိုင်ဘဲ အသည်းအသန်ကုတ်နေသည့် တိမ်စိုင်တိုက်ကို ကြည့်ပြီး အူတွေနာတဲ့အထိ ရောင်ခြယ်လင်း
အသားကုန်ရယ်နေလေသည်။သူ့ကို ကြည့်ပြီး ရယ်နေတဲ့ ရောင်ခြယ်လင်းကြောင့် ယားပြီးနာလို့
ကုတ်ချင်နေတဲ့ စိတ်တွေကို တိမ်စိုင်တိုက် အသားကုန်မြိုသိပ်ထားလိုက်ကာ.....
"ဖက်တီးမ ဒါနင့်လက်ချက်မလား နင်တော်တော်ကောက်ကျစ်တာပဲ ""အောင်မယ် အောင်မယ် ငပြူးကများ ငပြဲလုပ်ချင်သေးတယ်
မှတ်ပြီလား နင်ထင်ထားသလို ခံရတဲ့သူက ငါမဟုတ်ဘဲ နင်ဖြစ်နေတော့ ဘယ်လိုလဲ... ""နင်.... နင်လုပ်ထားအုံးပေါ့ ဖက်တီးမရာ ငါအလှည့်ကျမှ
အဲ့ဒီလိုမျိုး နင် ရယ်နိုင်မလားဆိုတာ ငါစောင့်ကြည့်မယ် ""တိုက် ဘာဖြစ်သွားတာလဲ ဆုဘာလုပ်ပေးရမလဲ "
သူတို့နှစ်ယောက်ရှေ့ကို ရောက်လာပြီး ချွနွဲမူပိုစွာမေးလိုက်သည့်
တိမ်စိုင်တိုက်ချစ်သူ ပန်ဆုဝေကို ရောင်ခြယ်လင်း အလိုမကျစွာ
ကြည့်နေလိုက်သည်။"ရောင်ခြယ်လင်း နင်ပြောတော့ တိုက်ကို မကြိုက်ဘူးဆို
အဲ့ဒါဆို နင်ကို ငါဘာလို့ ငါ့ရည်းစားနားမှာ အချိန်တိုင်း တွေ့နေရတာလဲ နင့်အပြောနဲ့ အလုပ်နဲ့က တခြားစီပဲ""ဒီမှာ ပန်ဆုဝေ နင့်ဘဲကိုသာ နင်နိုင်အောင်ထိန်း ရောင်ခြယ်လင်းတို့က ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မထင်ဘူး
နင့်ဘဲကိုလေ ငါကဒီတစ်သက်မပြောနဲ့ နောင်ဆယ်သက်တောင်
စိတ်ကူးထဲမရှိဘူး ရှင်းပြီလား "

KAMU SEDANG MEMBACA
အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)
Romansaမင်းကို ငါ အရမ်းမုန်းတယ် ဖက်တီးမ ဒါပေမဲ့ မုန်းတယ်ပြောပြီး မင်းက ငါ့ စိတ်ထဲ ရှိနေရတာလဲ ဖက်တီးမ