*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(11)
"သူမ ခံစားလိုက်ရပါပြီ လက်တစ်စုံက သူမ ရင်သားတွေအပေါ်................မကြာခင်ရောက်လာတော့မယ်ဆိုတာကို"
"ခွပ်.... ခွပ်"
ရုတ်တရက်ဆိုသလို ဦးလူခင်ကို ဆွဲထိုးလိုက်တဲ့ လက်သီးတစ်စုံရဲ့ အသံကြောင့် ရောင် မျက်လုံးတွေဖွင့်ပြီး ထိုလူကို ကြည့်မိလိုက်လေသည်။ တိုက်မှ တိုက်ပင်။ ဦးလူခင်ကို ဆွဲထိုးပြီး ဟိုဘက်ကို ကန်ပစ်လိုက်ရင်းနဲ့ သူမဆီကို တိုက် တဖြေးဖြေးနဲ့ ရောက်လာသည်က ရောင်အတွက်အိမ်မက်လိုပင်။သူ့ကိုယ်ပေါ်က ကုတ်အင်္ကျီကို ချက်ချင်းဆွဲချွတ်ပြီး သူမအပေါ်ပိုင်းလေးကို လွှမ်းခြုံပေးလိုက်တဲ့ တိုက် ပုံစံလေးက
သူမအတွက် Snow White ကာတွန်းကားထဲက ကယ်တင်ရှင်
မင်းသားလေးလားပင် ထင်ရလေသည်။
"ရောင်ခြယ်လင်း မင်းဘာမှစိတ်မပူနဲ့ ကိုယ်ရှိတယ် ဟုတ်ပြီလား"
ပြောရင်းနဲ့ ထွက်ပြေးမလို့ ပြင်နေတဲ့ ဦးလူခင် ကို တိုက် ဂုတ်က
ကိုင်ဆွဲပြီး နံရံနဲ့ ဆောင့်တွန်းလိုက်လေသည်။"ကြောက်ပါပြီ... ငါ့ကို..ငါ့ကို.. ဘာမှ... မလုပ်ပါနဲ့နော် "
တိုက် ဘယ်လောက်တောင် စိတ်တိုနေလဲမသိ ..သူဆောင့်တွန်းလိုက်တဲ့ အားပြင်းတယ် မပြင်းတယ်....ဦးလူခင် ခေါင်းမှ သွေးတွေအများကြီး စီးကျလာလေသည်။ သူ့ကို ကြောက်ပြီး
ဒူးထောက်တောင်းပန်နေတဲ့ ဦးလူခင်ကို တိုက် မဲ့ပြုံးပြုံးပြီး...
"ဘာ... အခုမှ ကြောက်ပြီဟုတ်လား ခင်ဗျားက မိန်းကလေးတစ်ယောက်ကို စော်ကားဖို့ ကြံတုန်းကကြံပြီး
အခုမှကြောက်ပြီ ဟုတ်လား "ပြောရင်းနဲ့ သူ့မေးရိုးတွေထောင်လာကာ ခုနက ရောင်အပေါ်ပိုင်းကို ထိဖို့အနည်းငယ်လိုတဲ့ မြင်ကွင်းကို တိုက်ပြန်မြင်ယောင်မိလာရင်း....
"ခွပ်.... ခွပ်.... ခွပ်... ခွပ်"
ဦးလူခင် ကိုယ်ပေါ် တက်ခွပြီး ဦးလူခင်မျက်နှာကို လက်သီးနဲ့
အချက်ပေါင်းများစွာထိုးရင်း ပါးစပ်ကလည်း အဲ့ဒါ ရောင် ကို
စော်ကားချင်အုံး အဲ့ဒါ ရောင်ကို စော်ကားချင်အုံး ဆိုပြီး
တိုက် ပြောရင်း ထိုးနေလေသည်။တိုက်ထိုးလို့ မျက်နှာ တစ်ခုလုံး စုတ်ပြတ်သတ်နေတဲ့ ဦးလူခင်ရဲ့ ပုံစံက အခြေအနေ မဟန်လာတာကြောင့် ရောင် မနည်းထပြီး.....
'' တိုက်တော်ပါတော့ တော်ပါတော့တိုက် သူသေသွားလိမ့်မယ်
တိုက် ထောင်ကျမခံပါနဲ့ ဒီလိုလူအတွက်... "
မျက်ရည်တွေ ကျပြီး ပြောနေတဲ့ ရောင် ကြောင့် သူရဲ့ ဒေါသတွေကို တိုက်လျှော့ပြီး ဦးလူခင်ကိုယ်ပေါ်ကနေ တိုက်ချက်ချင်း ဆင်းလာလေသည်။
YOU ARE READING
အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)
Romanceမင်းကို ငါ အရမ်းမုန်းတယ် ဖက်တီးမ ဒါပေမဲ့ မုန်းတယ်ပြောပြီး မင်းက ငါ့ စိတ်ထဲ ရှိနေရတာလဲ ဖက်တီးမ