ဇာတ်ရှိန်ကလည်း အခုထိတက် 😍😍😍😍
*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(5)
ရောင်လေးကြာနေတာနဲ့ ထမင်းစားခန်းထဲမှ တိုက်မိဘ
နှစ်ပါးလည်း စိုးရိမ်တာက တစ်ကြောင်း ၊ အပေါ်ထပ်က အသံ
တွေကြောင့် စိတ်ပူပြီး အပေါ်ထပ်ကို ချက်ချင်းတက်လာကြလေသည်။"ရောင်လေးရေ သမီးရောင်လေး "
တိုက်လည်း အခန်းထဲကို မရောက်သေးဘဲ အော်ခေါ်နေတဲ့ မိဘတွေရဲ့ အသံတွေကြောင့် ရောင်လေးကို ချက်ချင်းတန်းလွှတ်ပေးလိုက်လေသည်။
ရောင်လေးလည်း တိမ်စိုင်တိုက်က သူမကို လွှတ်ပေးလိုက်တာနဲ့
တစ်ပြိုင်တည်း လက်သီးနဲ့ 3ချက်လောက် ပိတ်ထိုးပစ်လိုက်သည်။
"ခွပ်..... ခွပ်..... ခွပ်"
"အာ... အား.. အား. .ကျွတ်စ် "သုံးချက်လောက်ထိုးပြီးတာနဲ့ တစ်ပြိုင်တည်း တိုက် အခန်းထဲကနေအသားကုန်ပြေးထွက်ပြီး ဟိုဘက်က မေခင်အခန်းထဲကို ရောင်လေး အမြန်ပြေးဝင်သွားလေသည်။
"ရောင်လေး သမီးဘာလို့ကြာနေတာလဲ "
"ဪ.. ရောင်လေး အင်္ကျီရွေးနေလို့ " "မေခင်အင်္ကျီတွေက
အရမ်းလှနေတော့ အဲ့ဒါသမီးရွေးတာ ကြာသွားတာ "
"ဟီး... ဟီး"
ရောင်လေး အဝတ်အစားလဲပြီးတော့ အခန်းထဲကို တံခါးခေါက်ပြီး
ဝင်လာတဲ့ ဖေမြတ်နဲ့ မေခင်ကို အရှက်ပြေပြေဟန်လုပ်ရယ်၍ မေခင် အမေးကို ရောင်လေးဖြေလိုက်လေသည်။"ဖေမြတ်က မသိပါဘူး အပေါ်ထပ်က အသံတွေကြားပြီး ရောင်လေးများ တစ်ခုခုဖြစ်တယ်ထင်ပြီး အရမ်းစိတ်ပူသွားတာ "
"ဖေမြတ်ကြားတဲ့ အဲ့ဒီအသံတွေက ဒီခန်းထဲကို ဝင်လာတဲ့ ကြောင်နဲ့ သမီးနဲ့ ရန်ဖြစ်နေတာ " "ရောင်လေး ဘာမှမဖြစ်ဘူး ဖေမြတ် စိတ်မပူနဲ့ ဟုတ်ပြီလား "
"အခုမှပဲ ဖေမြတ် စိတ်အေးသွားတော့တယ် "
"မေခင်ရော အခုမှ စိတ်အေးရတော့တယ် "
ရောင်လေးလည်း တိုက်မိဘတို့နဲ့  ညစာစားပြီးတာနဲ့ သူမအိမ်ကို
ပြန်လာခဲ့လေသည်။
YOU ARE READING
အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)
Romanceမင်းကို ငါ အရမ်းမုန်းတယ် ဖက်တီးမ ဒါပေမဲ့ မုန်းတယ်ပြောပြီး မင်းက ငါ့ စိတ်ထဲ ရှိနေရတာလဲ ဖက်တီးမ