*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(25)
ရောင် လည်း ပြောပြီးတာနဲ့ သူမ ခရီးဆောင်လက်ဆွဲအိတ်
ကို ဆွဲပြီး တိုက် ရှိတဲ့ အခန်းထဲကနေ ထွက်လာခဲ့သည်။
ထွက်သွား တဲ့ ရောင့်  ကျောပြင်လေးကို ကြည့်ပြီး
တိုက် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာလေသည်။""ရောင် ကိုယ်တောင်းပန်ပါတယ် ""
'" ကိုယ့်ကို ထားမသွားပါနဲ့ ""
တိုက် အရမ်းတွေ ဝမ်းနည်းပြီး တစ်ယောက်တည်း စကားတွေ ပြောကာ သူ့ကိုယ်သူ လက်သီးနဲ့
ထိုးဖို့အလုပ်.......ထိုးဖို့ ပြင်နေတဲ့ သူရဲ့လက်ကို တစ်ယောက်ယောက်က
ဖမ်းဆုပ်ထားတာကြောင့် တိုက် မော့ကြည့်လိုက်ရာ...
""ဟင်... ရောင် """"အင်း.. တိုက်ရဲ့ ရောင် ""
""မှတ်ပြီလား အဲ့ဒါ သူများကို စချင်အုံး ""
""အခုတော့ ရောင် လှည့်စားတာ ခံရပြီမလား '""သူ့ လက်ကို ကိုင်ပြီး ပြောနေသော ရောင် စကားတွေ
ကြောင့် တိုက် မျက်နှာကြီး ဝင်းပသွားလေသည်။
""ဒါဆို ရောင့်က ကိုယ့်အနားကနေ မသွားတော့ဘူး
ပေါ့.. ""
"" ကိုယ့်ကို ထားမသွားတောဘူး ဟုတ်လား ""ချက်ချင်းဆိုသလို ရောင် ပခုံးကို လက်နှစ်ဖက်နဲ့
ဖိဆုပ်ပြီး မေးနေသော တိုက် ကို ရောင်
ပြုံးပြီး ခေါင်းလေးငြိမ့်ပြလိုက်သည်။
""အင်း... ရောင် မ သွားတော့ဘူး
နောက်ပြီး ရောင် က ဘာလို့ သွားရမှာလဲ
ရောင် ချစ်ရတဲ့ တိမ်တိုက်လေး က ဒီမှာ ရှိနေတာကို ""ရောင် ရဲ့ ချစ်စနိုး ခေါ်လိုက်တဲ့ နာမည် အသစ်လေး
ကြောင့် တိုက် မျက်နှာကြီး အလွန်ပြုံးရွှင်သွားလေသည်။
တစ်ဆက်တည်းဆိုသလို တိုက် အချိန်တွေ မဆွဲတော့ဘဲ
ရောင့် မေးဖျားလေးကို ဆွဲယူလိုက်ပြီး ....
"""ရောင့်ကို ကိုယ် အရမ်းချစ်တယ်
ဘယ်အချိန်က ချစ်သွားမှန်း ကိုယ့်ကိုယ် တောင်
မသိလိုက်ဘူး ကိုယ် သိလိုက်ရတဲ့ အချိန်မှာ
ရောင့် က ကိုယ့်နှလုံးသားရဲ့ ဟိုးအောက်ဆုံးထိ ရောက်နေပြီ
နောက်ပြီး ကိုယ်ရဲ့ စိတ်ကူးတွေ အတွေးတွေ အားလုံးကို
ရောင် တစ်ယောက်ပဲ စိုးမိုးထားတာ လွှမ်းမိုးထားတာ
ကိုယ့်ဘဝမှာ လေ အမြင်ကပ်တဲ့ စိတ်နဲ့
ဖက်တီးမလို့ ခေါ်ခဲ့တဲ့ ကောင်မလေးကို အခုလို နက်နက်ရှိုင်း
ရှိုင်း ချစ်မိသွားမယ်လို့ မထင်ခဲ့ဘူး """"

ANDA SEDANG MEMBACA
အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)
Romantikaမင်းကို ငါ အရမ်းမုန်းတယ် ဖက်တီးမ ဒါပေမဲ့ မုန်းတယ်ပြောပြီး မင်းက ငါ့ စိတ်ထဲ ရှိနေရတာလဲ ဖက်တီးမ