*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(23)
သူ့ နောက် ဘယ်သူမှ လိုက်မလာတာ သေချာတာနဲ့
တိုက် ကားဆီကို အမြန်လာခဲ့သည်။
ဦးငွေခင် ဖုန်းလှမ်းဆက်ပြီး ပြောလိုက်တဲ့နေရာက
သူ ကားနဲ့ သွားလျှင် တစ်နာရီခွဲကြာမည် ဖြစ်သည်။
သူ့ လက်က နာရီကို ကြည့်လိုက်တော့ ခြောက်နာရီ ထိုးနေ
ပြီလေ ။ အလွန်ဆုံး ရောင့် ဆီကို တိုက် ရောက်ဖို့
ဆို ခုနစ်နာရီခွဲမှ ရောက်မည်ဖြစ်သည်။
အခုတော့ သူ့ အတွက် အချိန်တစ်နာရီပဲ ရှိတာကြောင့်
တိုက် ချွေးဇောတွေ ပြန်ပြီး ရောင့် အတွက် အရမ်းစိုး
ရိမ်နေလေသည်။ သူ့သာ ခုနစ်နာရီထိုးလို့ မရောက်ခဲ့လျှင်
သူ ချစ်ရတဲ့ ရောင့် က .........။စိတ်တွေ အရမ်းပူကာ ကားကို သတ်မှတ်ထားတဲ့ မိုင်နှုန်းထက်
တိုက် အရှိန်အများကြီး တင်ပြီး ထိုနေရာကို မောင်းထွက်
ခဲ့သည်။
မမှီမှာစိုးတာနဲ့ လက်က နာရီကို ကြည့်လိုက် မိုင်ကုန်တင်လိုက်နဲ့ ကားကို ဒီထက်မြန်သထက် မြန်အောင် တိုက် မောင်းနေလေ
သည်။"""တိုက် ကလာမှာ မဟုတ်ဘူး
သူ ဒီမှာ မရှိဘူး.... ""သူ့ ကို တစ်ခွန်းမခံ ပြန် ပြောနေသော ရောင်ခြယ်လင်းဆိုတဲ့
ကောင်မလေးကို မျက်မှောင်ကြုတ်ကြီးနဲ့ ငွေခင် စိုက်ကြည့်
လိုက်ကာ စကားဆိုလိုက်လေသည်။
""ဘယ်သူ ပြောလဲ သူ ဒီမှာ မရှိဘူးဆိုတာ
အခုသူ ဒီကို လာနေပြီ ငါ့တပည့်တစ်ယောက်က အခုပဲ
ငါ့ကို video ဖိုင်လှမ်းပို့တာ .... ""
""ဒီမှာ... """ဦးငွေခင် လှမ်းပြသော video ဖိုင်ထဲက အမြန်မောင်း
နေသော တိုက် ရဲ့ကားကို ရောင် မြင်ပြီး သွေးပျက်
သွားလေသည်။
သူမ ကိုယ်သူမ တစ်ခုခုဖြစ်မှာ ထက် တိုက် တစ်ခုခု
ဖြစ်သွားမှာကို ရောင် အရမ်းစိုးရိမ်နေလေသည်။
"""တိုက် ရောင့်ဆီ မလာပါနဲ့
ကားကို အဲ့ဒီလောက် အမြန်ကြီးမမောင်းပါနဲ့ အရှိန်လျှော့ပါ
အရှိန်လျှော့လိုက်ပါ..... """"ရောင် စိတ်တွေ အရမ်းပူကာ တတွတ်တွတ်နဲ့ ရင်တွင်း
စကားတွေ စိတ်ထဲက ဆိုနေမိသည်။
YOU ARE READING
အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)
Romanceမင်းကို ငါ အရမ်းမုန်းတယ် ဖက်တီးမ ဒါပေမဲ့ မုန်းတယ်ပြောပြီး မင်းက ငါ့ စိတ်ထဲ ရှိနေရတာလဲ ဖက်တီးမ