Life Goes On part 6

190 18 0
                                    

Life Goes On part 6

တောင်စောင်လေး တလျှောက် တောရိုင်းနေကြာပန်းတို့ လှပစွာ ဖူးပွင့်နေပြီ တောင်ထိပ်က သစ်သာနန်းတော် လေးတည်ရှိမူ့က တောင်စောင်လေးရဲ့ လှပသက်ဝင်မူ့ကို ဖော်ကြူထားသလား

တောင်စောင်ပေါ်က ပန်းတွေကိုကြည့်ရင်း ဆေးတောင်ကိုလွယ်ပီ လက်ထဲမုာ တော့ဝှေးတစ်ချောင်း ဆေးမြစ်တူ ပေါက်တူအသေးလေးကိုင်ကာ မျက်စိမှိတ်ပီ လတ်ဆပ်တဲ့ လေးနှအေးကို ရူးရိူက်ရင်း တောင်ပေါ်ကို ပြုံးရွှင်းစွာ တတ်လာတဲ့ လူချောကလေး ကင်ဆော့ဂျင်း ဆိုတဲ့လူငယ်သမားတော် ဂျင် သဘောကောင်းသော ဖော်ရွေးတတ်သော သမားတော် အယုတ်အလတ်အမြတ်မရွေး အမြဲဂရုစိုက်တတ်တဲ့သမားတော်ဂျင် ဟာ တောင်ပေါ်ရွာ ပတ်ဝန်ကျင်ရွာတွေမုာ သြဇာညောင်းပီ လူချစ်လူခင်ပေါများသူလေ

ဂျင် တော့ဝှေးတစ်ဖတ် ဆေးတောင်းကြီပိုးပီ တတ်လာတဲ့ပုံကြောင့်

''အသက်လည်မကြီးသေးပဲ တောက်ဝှေးသုံးရပီလား သမားတော်ဂျင်''

မင်းသာ မင်းယွန်းဂီ ရေနွေငှဲ့ထည့်ပေးရင် ပြောလိုက်တော့

''မင်းသာ နိူးပီလား ဒါက အစွမ်းရှိတဲ့ တောင်ဝှေးပါ သားကောင် အန္တရယ် ကိုလည် ကာကွယ်ပေးပီ ကျနော်မျိုးမောရင်လဲမှီရတယ်''

ဂျင် ကမ်းပေးတဲ့ ရေနွေးကိုယူလိုက်ပီ မေးလိုက်တော့

''အင်း''

ယွန်း ဖြေလိုက်ပီ တောင်စောင်တလျှောက်လှပစွာ ပွင့်နေတဲ့ပန်းတွေကို ငေးကြည့်ရင်း လက်ရှည်ရှည်သွယ်သွယ်လေးတွေ ဗျည်းစောင်ကို စတင်တီးခပ်နေတော့

ဂျင်လည် သူတူးလာတဲ့ဆေးပင်တွေနဲ့အလုပ်တွေ ရှုပ်နေချိန်

တောင်အောက်ဖတ်ဆီက မြင်းခွာသံကြောင့် ယွန်းတီးနေတာကို ရပ်လိုက်ပီ ကြည့်နေခဲ့သလို ဂျင်လည် အကဲခပ်နေမိတယ်

မြင်းနဲ့အတူပေါ်လာတဲ့ ယွန်းရဲ့ငယ်ကျွန်း

ယွန်း တို့ခြံဝိုင်လေးရှေ့မုာ မြင်းကိုရပ်ပီ ဆင်းလာကာ ယွန်းရှေ့ဒူးထောက်ခစာကာ

''အရှင်မင်းသာယွန်း ကျန်မာတော်မူပါစဘုရာ''

''အင်းးဘာအရေးရှိလို့မင်းနေပြည်တော်ကနေ လာရောက်ပါသလဲ''

Life Goes OnWhere stories live. Discover now