Life Goes On part 21

155 12 0
                                    

Life Goes On part 21

မနက်ပိုင် ညီလာခံကို စာအုပ်တစ်ထပ်နဲ့ ဝင်လာတဲ့ ဘုရင်ကြောင့် အမတ်တွေ အတွေးတွေနဲ့ သို့လောသို့လော ဖြစ်နေခဲ့ကာ ဘာလဲဆိုတဲ့အကြည့်နဲ့တစ်ယောက်ကိုတစ်ယောက်ကြည့်နေခဲ့ကြသည်

ဂျီ အမတ်တွေကို ကျော်ဖြတ်ကာ သလွန်ဆီသွားကာ ထိုင်လိုက်ချိန်

ချိုအထိန်တော် လည် စာအုပ်တွေကိုသလွန်ရှေ့စာပွဲခုံမုာချထားပီ မနီးမဝေးမုာရပ်ကာခစာနေခဲ့သည်

တင်းမာ အေးစက်နေတဲ့မျက်နာကြောင့် ဘယ်သူမု စကားမဟရဲပဲ ညီလာခံခန်းမဆောင်မုာ အပ်ကျရင်တောင်ကြားရလောက်ထိ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်

ဂျီ ဥပဒေ စာအုပ်တစ်အုပ်ကို လက်ကကိုင်လိုက်ပီ

''ဒီမုာ စည်းကျပ်ခွန်တွေရှိတယ် ဒီစာအုပ်မုာပါတဲ့ ဥပဒေက မှန်ကန်လား''

အမတ်တွေ အရှင်မင်းကြီးရဲ့ ဆိုလိုရင်းကိုမသိတော့ ငြိမ်သက်နေကြတော့

''ကိုယ်တော်  မေးနေတယ်လေ ''

ဂျီရဲ့အေးစက်တဲ့လေသံမုာ အမတ်ချုပ်ကြီးထလာပီ

''မှန်ပါတယ် တိုင်ပြည်ကိုစတင်တည်ထောင်ကတည်းက ရှေးဘိုးဘေးအရှင်မင်းမြတ်တို့ရဲ့ အခွန်းစည်ကျပ်ချင်ဆိုင်ရာ ဥပဒေ စာအုပ်ပါ''

အမတ်ချုပ်ကြီ စကားအဆုံးမုာ

''ခု ပြည်သူတွေကိုကော မှန်ကန်စွာ အခွန်းကိုကောက်နေကြသလား''

ဂျီ အမတ်တွေကို စူးရဲစွာ ကြည့်ပီမေးလိုက်တော့

အခွန်းရုံးအမတ် ဒူထောက်ခစာကာ

''မှန်ကန်စွာ ကောက်နေကြောင်းပါ''

''သေချာလား''

''ကျနော်မျိုး အရှင့်ကိုမလိမ်ဝံ့ပါကြောင်း သံတင်ဦးတင်ပါတယ်''

ဂျီအမတ်တွေရဲ့ စကားကို မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပီ

''ချို အထိန်တော် သံတော်ဆင့်ကို အမိန့်တော်ထုပ်ပြန်မယ်ပြောလိုက်''

ရုတ်တရက် အမိန့်ထုတ်ပြန်မယ်ဆိုတော့ အမတ်တွေ ထိတ်လန့်နေကြပီ

Life Goes OnWhere stories live. Discover now