Life Goes On The End

377 24 2
                                    

Life Goes On The End

တဒဂ်အချိန်လေ အပ်ကျသွားရင်တောင် ကြားရလောက်အောင် အားလုံးရပ်တန့်သွားပီ

မယုံနိုင်တဲ့အတွေးတောင် မတွေးအားပဲ အားလုံးရဲ့မျက်လုံးမုာ နာမလည်ချင်များစွာ ကြီးစိုးနေခဲ့ကြသည်

အမတ်ချုပ်ကြီးရှေ့ ဓားကိုင်စွဲကာ ရပ်နေသူကြောင့်

''ဂျင် ဘာလုပ်တာလည် နာမလည်နိုင်ဖူး ဖယ်ပေးဗျာ''

ဂျွန်းဓားကိုဆုတ်ကိုင်ပီ ရှေ့တိုးသွားလိုက်တယ်

''ရားးးငါ့အဆိုးမဆိုနဲ့နော် ခုငါအကောင်းပြောနေတာ''

သူ့ရှေ့မုာ ရပ်နေတဲ့ဂျင်ကြောင့် အမတ်ချုပ်ကြီးထလာခဲ့ကာ ဂျင့်ဘေးမုာ ကျနေတဲ့ဓားကို ကောက်လိုက်ချိန်

ဝှစ်

ဂျင်ရဲ့ခြေကန်ချက်မုာ ဓားကအဝေးကို လွင့်စင်သွားခဲ့သည်

''မင်းက ..''

နာမလည်တဲ့ မျက်ဝန်နဲ့ကြည့်ပီ အမတ်ချုပ်ကြီးမေးလိုက်ချိန်

''ဘယ်သူက ခင်များကို ကယ်မယ်ပြောလို့လဲ''

ဂျီလည် နန်းပုလ္လိုင်မုာ ထိုင်လိုက်ပီ ဂျောင်းကုလည် ပုလ္လိုင်ဘေးရပ်နေခဲ့ပီ

ထယ်နဲ့ ဆော့ လည်ရပ်ကြည့်နေခဲ့သည်

ဂျွန်း ကတော့အသင့်အနေအထား ဓားကိုချိန်ရွယ်ထားပီ ဂျင့်ကိုစူးဆိုက်ကြည့်နေခဲ့သည်

နှလုံးသားနဲ့ ဥဏှောက်မုာ နာကျင်နေတဲ့ နှလုံးသားတစ်စုံကိုမေ့ထားပီ ဥဏှောက်ကိုအနိုင်ပေးလိုက်ချိန်

ဂျွန်းဓားနဲ့ဂျင့်ကိုပါ ရွယ်ထားခဲ့သည်

မိဘတွေအတွက် လက်စာချေရမယ် သူ့ဘဝတလျှောက်လုံးချလာခဲ့တဲ့ ဆုံးဖြတ်ချက်မို့ ဂျင့်ကို ဘယ်လောက်ချစ်ချစ်စွန့်လွတ်ဖို့ စဥ်းစားလိုက်ချိန်

မျက်လုံးအိမ်က နာကျင်တဲ့နှလုံးသားကိုလက်မခံနိုင်ပဲ မဖိတ်ခေါ်ပဲ ပါးပေါ်ကိုမျက်ရည်တချို့ စီးဆင်လာခဲ့ပီ

ချစ်ရသူနှစ်ဦး တစ်ယောက်ကိုတစ်ယောက် ဓားတွေချိန်ရွယ်ထားတော့

Life Goes OnWhere stories live. Discover now