Life Goes On part 45

169 16 0
                                    

Life Goes On Part 45

D Day

ညနက်လာမူ့က အေးစိမ့်စွာ ကျောရိုးတစ်လျှောက်စိမ့်ဝင်နေခဲ့ချင်းကို ဂရုမစိုက်နိုင်တဲ့ လူတစ်စု

စူရဲတဲ့မျက်လုံးအကြည့်တို့က နန်းတော် ဂိတ်တံခါးတွေဆီ တနည်းအားဖြင့် သေမင်တမန်ရဲ့ဂိတ်တံခါးတွေလို အေးစင်ငြိမ်သက်နေခဲ့ပီ

သန်ခေါင်ကျော်လာပီ

ဂျွန်း အာရုံတွေစုစီထားပီ တပ်တစ်ခုလုံးဖျောက်ထားကာ ငြိမ်သက်နေခဲ့ချိန်

ယားးးးးး!!!

ငြာသံပေသလိုက်တဲ့ ဂိတ်တံခါးဆီက အသံတွေကြောင့်  ဂျွန်းမျှားတွေကို အသင့်ပြင်ထားခဲ့ပီ အမိုးတွေပေါ် သေချာဝပ်ရင် နန်းမြို့စည်းကို ကျော်လာမယ့်ရန်သူကိုစောင့်နေခဲ့သည်

တပ်ဖွဲ့က သူ့စိတ်ကြိုက်ရွေချယ်ထားသူမို့ သစ္စာဖောက်မုာ ပူစရာမရှိ

ခဏအကြာ မင်းကြီးရဲထင်မြင်ချက်အတိုင်း သစ္စာဖောက်ရှိနေတော့ သိပ်ပီမကာကွယ်လိုက်ရပဲ ဂိတ်တံခါးပွင့်သွားကာ ပထမစည်းကျိုးသွားခဲ့ပီ

အမတ်ချုပ်ကြီး ဓားကို မာန့်အပြည့်နဲ့ကိုင်လာကာ နန်းတော်ရဲ့ ဒုတိယ စည်းကိုလွယ်ကူစွာပဲရောက်ရှိလာခဲ့ပီ

အမတ်ကြီးနဲ့အတူတကွ လူတွေ အကုန်လုံး ဒုတိယဂိတ်မုာ စုမိချိန် ဆော့ နဲ့ထယ် ဂိတ်တံခါးကို အပြင်ဖတ်ကနေ ပိတ်ချခဲ့လိုက်သည်

ပထမဂိတ်ကို လွယ်ကူစွာ ကျော်ဖြတ်လာပီ နိုင်ပီဟုထင်နေချိန် ရုတ်တရက်အပိတ်ခံလိုက်ရတော့ အားလုံးဇဝေဇဝါးဖြစ်သွားခဲ့ကြပီ

ခု ပထမဂိတ်နဲ့ ဒုတိယဂိတ်ကြား ပိတ်မိသွားချိန် ဂျွန်းမျှားတံကို မီးရိူ့လိုက်ပီ ကောက်ရိုးပုံပေါ်သို့ပစ်ချလိုက်ချိန်

ထလောင်လာတဲ့မီးတွေက ပတ်ဝန်ကျင်တစ်ခုလုံးခဏအတွင်းကူးစက်ကာ မီးတွေဝိုင်ရံနေခဲ့သည်

လင်းချင်နေတဲ့မီးနဲ့အတူ တပ်ပုံစံပျတ်သွားတာကို အမတ်ချုပ်ကြီး ချက်ချင်းသတိထားမိကာ

''နိုင်ငံအသစ်အတွက် တိုက်ကြ ''

''ယားးး!!!''

မီးကြာထဲမုာ ပဲတစ်ဖတ်ထိမကူးအောင် ထွက်ပေါက်ရှိအောင် ရှင်းလင်းရင်း အမတ်ချုပ်ကြီး သူ့လူကော ကိုယ်လူပါစတေးရင်း မီးတွေကိုဖယ်ထုတ်ကာ ဒုတိယ ဂိတ်ကို ဖြတ်ကျော်ဖို့ကြိုးစားနေခဲ့ကြသည်

Life Goes OnWhere stories live. Discover now