Life Goes On part 27

145 12 0
                                    

Life Goes On Part 27

ဆော့ ယွန်းနဲ့အတူ ထိုင်းရင် အောက်ထပ်စားပွဲ ဝိုင်က လူတွေကို အဓိပ္ပာယ် မရှိ  ငေးကြည့်ရင် စိတ်အစဥ်က ဟို့ရက်ဆီ

ဂျီမင်းနဲ့ ပထမဆုံးတွေ့တဲ့ရက်ကတည်းက ထယ်မျက်လုံးလေးတွေ အရောင်လဲ့နေခဲ့ပီ ညအိပ်ရာဝင်ချိန်ထိ ဂျီမင်းရဲ့ချောမောမူ့ကိုပဲ အမွန်းတင်နေတဲ့သူလေ

အစကတော့ ပုံမုန်ပဲဆိုပီ ထားလိုက်ပေမဲ့ ဂျီနဲ့တွေ့တိုင်း ချိုမြနေတဲ့မျက်နာအဖြစ် ပြောင်းလဲသွားပီ

ဂျီဒဏ်ရာရတုန်းက အရမ်းကိုပြာယာခပ်ပီ စိတ်ပူနေတဲ့ သခင်ကြောင့် ဆော့နာကျင်နေမိခဲ့တယ်

ငယ်စဥ်တောင်ကျေး ကလေးဘဝထဲက ထယ့်ကိုအရိပ်လိုကြည့်လာသူမို့ ဆော့ ပိုပီရင်နာမိတယ်

အရင်လိုဂျီမကျပဲ ငြိမ်နေတာက ဆော့ရင်ကိုပိုပီ ပူလောင်စေတာ သခင်မသိလေသလား

ဟူးးးးးးး

ဆော့ရဲ့ သက်ပြင်းချသံတိုးတိုးလေးကို ယွန်းကြားလိုက်ပီ

''ဘာပူစရာရှိလို့လဲဆော့''

ယွန်းရဲ့အမေးစကားကို အသာအယာ ခေါင်ခါးလိုက်ပီ ရေနွေးခွက်ထဲကရေနွေးတွေ မှုတ်သောက်လိုက်၏

သူရင်ကပူလောင်ချင်းကို ရေနွေးလေးလဲမမှီနိုင်တာ သူသိနေခဲ့တယ်

ယွန်းလဲ စကားမဆက်တော့ပဲ ရေနွေးတွေ ထိုင်သောက်ရင်း အောက်ထပ်က ဝင်လိုက်ထွက်လိုက်ဖြစ်နေတဲ့ စားသုံးသူတွေကို ကြည့်နေခဲ့တယ်

ဆော့ ပုခုံးပေါ်ကလက်ကြောင့်မော့ကြည့်ရင်း

''ဂျောင်းကု သက်သာလားဘယ်လိုနေသေးလဲ နီးနေပီနော်''

ဂျောင်းကု ခုံတစ်လုံးဆွဲထိုင်ပီ

''ဟုတ် သက်သာပါတယ် လက်ကို တော့ နည်းနည်း ဂရုစိုက် ရမယ်ထင်တယ် ''

ဂျင် ရေနွေးအိုးရေဖြည့်လိုက်ပီ ဝင်ထိုင်ကာ

''အင်း ဓားအဖျားဆိုပေမယ့် နည်းနည်းနက်သွားလို့ပါ ပျောက်ပါတယ် မပူပါနဲ့ ''

''ဟုတ် ကျနော်သတိထားပါမယ် အကိုဂျင်''

ဂျောင်ကု ပြောရင်း ကုန်နေတဲ့ရေနွေးခွက်တွေကို ဖြည့်ရင်း

Life Goes OnWhere stories live. Discover now