Life Goes On part 42

132 13 0
                                    

Life Goes On part 42

အေးချမ်းစွာ အိပ်ပျော်နေတဲ့ အရှင်မင်းကြီးကို ငေးကြည့်နေရင်း လေပင်းတဲ့ဝန်တွေထမ်းထားတဲ့ အရှင့်ကိုသနားနေခဲ့မိတယ်

ကြည်လင်အေးမြတဲ့ မျက်နာလေး ကခုတလော စိတ်ဖိစီးမူ့တွေများနေလို့ထင်တယ်  ချောင်ကျလာပီ ဟန်ဆောင်အပြုံးတွေနဲ့နေထိုင်နေခဲ့တဲ့ အရှင့်မျက်နာ လေးကို ဖွဖွလေး နမ်းလိုက်ကာ သူ့လက်ကို ကိုင်ဆွဲကာ အိပ်ပျော်နေတဲ့အရှင့် လက်ကို အသာအယာဖယ်ပီ စောင်သေချာခြုံပေးလိုက်ကာ အသံမထွက်အောင် အသာအယာထွက်ခွာလာခဲ့သည်

ကြယ်တွေမစုံတဲ့ လကွယ်ညလေးကို မိုးပေါ်မော့ကြည့်ရင်း အရင်အတိတ်တွေကို ပြန်သတိရမိတယ်

အရှင်သခင်မဟုတ်ပဲ သူ့ရဲ့ချစ်သူ ဂျီအဖြစ် သူ့ရင်ခွင်မုာ နားခိုးခဲ့ဖူးတာတွေ ပုလွေတေးသွားတစ်ပုတ်ကို တီးမူတ်ရင်း ချိုမြိန်သော အနမ်းတွေ နွေးထွေးတဲ့ ရင်ခွင်တွေ ဖလှယ်ခဲ့တဲ့ချစ်ချင်းတွေ လွမ်းမောနေခဲ့မိတယ်

ကန်ရေပြင်နာ မြတ်ခင်းပေါ်လှဲချလိုက်ရင်း အရှင့်ကိုခေါ်ပီ အားလုံးရဲ့ အဝေးမုာ ငြိမ်းချမ်း တဲ့ကမ္ဘာတစ်ခုတည်ဆောက်ပီ နေထိုင်ချင်လိုက်တာ

"ကိုယ်ရံတော် ဂျောင်းကု မပြန်သေးဘူးလား ဘာလဲနန်းအပြင်မုာကျန်ခဲ့သူကို လွမ်းနေတယ်ထင်ပ''

ဂျောင်ကု အသံကြောင့်လှဲနေရာက ထကြည့်လိုက်ပီ

ပြောရင်းရောက်လာတဲ့ သူကြောင့်

"အားးးမဟုတ်ပါဘူးဗျာ ဒီလိုပါပဲ ကိုယ်ရံတော်ကြီး''

"ဒီလိုပါပဲ ကြာရင်းနေသာကျသွားမုာပါ ရော့''

ကမ်းပေးလာတဲ့ အိုးကိုယူလိုက်ပီ

"ဘာလဲ''

မေးသာမေးလိုက်တာ ဂျီ့ကိုလွမ်းလို့ သောက်ချင်နေတဲ့ အချိန် မူးပစ်လိုက်ချင်တဲ့အချိန် ကွတ်တိရောက်လာတဲ့ အရက်ကြောင့်

"ဒီအချိန်အကောင်းဆုံးအဖော်ပဲ''

"နန်းတွင်းစည်းကမ်းမုာပါတယ်လေဗျာ မသောက်တော့ပါဘူး''

"ဟာ သောက်စမ်းပါ ခုကတာဝန်ချိန်ပီပီကို''

"အင်းး အဲဆို နည်းနည်းတော့ သောက်မယ်လေ''

Life Goes OnWhere stories live. Discover now