Life Goes On part 16

152 15 0
                                    

Life Goes On part 16

လေသာပြတင်မုာ တိုးဝင်နေတဲ့ ညအလင်းရောင်နဲ့အတူ အမွှေးနံသာ ဆီမီးရဲ့အနံကလည် ဆွဲဆောင်နေပြန်တယ်

ညဝတ်အဖြူလေးနဲ့ သူ့နားတိုးကပ်လာတဲ့ခန္တာကိုယ်လေးကြောင့် ဂျောင်ကုရဲ့နှလုံးသားကသွေးတွေ ပြောင်းပြန်စီးဆင်သွားသလိုခံစားရပီ နှလုံးသားက တဆက်ဆက်တုန်ခါနေမိတယ်

သူ့ကိုမမှိတ်မသုန်ကြည့်နေတဲ့ မျက်ဝန်းလေးကို ဂျီသဘောကျပီ စချင်လာတာနဲ့ အနီးထိ တိုးကပ်လိုက်တော့

ခန္တာကိုယ် လေကျုံသွားသူကြောင့် ဂျီ ရယ်လိုက်ပီ ဂျောင်ကု အနောက်က နံသာဘီးလေးကို လက်လှမ်းလိုက်ချိန်

မှိတ်ကျသွားတဲ့ မျက်ဝန်းတစ်စုံကြောင့် ဂျီရယ်မောလိုက်ကာ

''ဟားဟား ဘာတွေတွေးနေလဲ ဘီးယူတာပါ''

ဂျီသဘောကျစွာ ရယ်ပီ ဘီးကိုယူပီ သလွန်ဆီသွားကာ ထိုင်လိုက်ပီ စုစည်းထားတဲ့ ဆံနွယ်ရှည်လေးကို ဖြည်ချပီ ဖီးနေလိုက်တယ်

ဂျောင်ကု အရှင့်အပြောကြောင့် မျက်နာလေးရဲသွားပီ သလွန်မုာထိုင်နေတဲ့ အရှင့်ရှေ့ ဒူထောက်ထိုင်လိုက်ပီ

''အရှင်မင်းမြတ် ပျော်လား ကျနော်မျိုးကိုစလိုက်ရလို့လေ''

ဆူပုတ်ပုတ်နဲ့ မျက်နာတည်တည်လေးနဲ့ မျက်လုံးလေးပြူးနေအောင် ကြည့်ပီမေးနေတဲ့သူကြောင့်

ဂျီ သဘောကျစွာရယ်လိုက်ပီ

''အင်း ''

ဂျီအဖြေကြောင့် ဂျောင်ကု မျက်နာပိုပီပုတ်သွားကာ နူတ်ခမ်းပါးလေးလဲဆူထွက်လာပီ
ဂါရဝ ပြုပီ လေသာပြတင်းဆီ စိတ်ကောက်ပီပြန်ဖို့လုပ်နေတဲ့ သူကြောင့်

ဂျီ သလွန်ပေါ်ကနေအမြန်ဆင်းလိုက်ပီ လက်မောင်ကနေ ဖမ်းဆွဲလိုက်တော့ မျက်လုံးဝိုင်လေးက မျက်ရည်တွေလဲ့နေတော့

''ကိုယ်တော်ကစတာပါ ကုရား လာပါ''

ဂျီ ပြောရင်း လက်ကနေပြန်ဆွဲလာတော့
ပေးကပ်ကပ်နဲ့ လိုက်လာတဲ့သူကြောင့် ဂျီအသံထွက်မရယ်ရဲတော့ပဲ ပြုံးနေမိတယ်

သလွန်ဘေးရပ်နေတဲ့သူကြောင့်

''ထိုင်လေ''

Life Goes OnWhere stories live. Discover now