Life Goes On part 7

173 17 0
                                    

Life Goes On part 7

''သမားတော် ဂျင် ကျနော်ဆေးတစ်ချို့ရချင်တယ်''

ယွန်း တောရိုင်းပန်းတွေကို ကြည့်နေရင်း ဆေးမြစ်တွေ လှမ်းနေတဲ့ ဂျင်ကို ပြောလိုက်ချိန်

''မင်းသာ ဘာလိုချင်လို့လဲ''

''သမားတော်လဲနော် ဉာဏ်လဲကောင်းပါရက်နဲ့ ယွန်းလို့ပဲခေါ်ပါ ပြောထားတာကို''

''မင်းသာ တောင် ကျနော်မျိုးကို သမားတော် ဂျင်လို့ခေါ်တယ်မဟုတ်လား''

သမားတော် ဂျင် ရဲ့အသံဆူးစူလေး အပြောကို ယွန်းသဘောကျစွာ ရယ်လိုက်တယ်

''အင်းပါ ဂျင်ရယ် ကျနော့အမှားပါ''

ဂျင် အဝတ်ကိုခါပီ မင်းသာယွန်ဆီလျှောက်လာပီ

''ဘာလိုချင်လို့လဲ''

''ဘာအဆိပ်ပဲမိမိ ပြေစေတဲ့ ဆေးရချင်တယ် ''

''တူတော် ဘုရင်မင်းမြတ်အတွက်လား''

''အင်း''

''နန်းတွင်းသမားတော်ကြီးတွေရှိတာပဲ''

''အဲ့နန်းတွင်းသမားတော်တွေကိုပဲ မယုံတာပါ ခုအစ်ကိုတော်နဲ့အမတော် နတ်ရွာလာသွားပီ တူတော်လဲ မပြောနိုင်ပေးဘူး ခုက ငယ်ရွယ်ချိန်မို့သာ တူတော် အသက်ပြည့်လို့ ထီးနန်းပြန်လွဲချိန် အဆင်ပြေမယ်မထင်ဘူး ဂျင်''

''မင်းသာက ကာကွယ်ချင်တာလား''

ဂျင်အမေးကို ယွန်းမဖြေပဲ အေးနေတဲ့ ရေနွေးခွက်ကို သွန်းရင်

''ရေနွေးအေးကို သွန်းသလိုပဲ မလိုအပ်တဲ့အချိန် သွန်းပစ်တတ်တယ် ဂျင် တူတော်က ကျနော့ရဲ့တစ်ဦးတည်းသောသွေးသားဖြစ်သလို တစ်ဦးတည်းသော မင်းမျိုးဆက်ပဲ''

''မင်းသာ ကြောင့်ကြတော် မမူပါနဲ့ ကျနော်မျိုးမုာ ဆေးအဆင်သင့်ရှိကြောင်းပါ''

ဂျင်ပြောပီ ဆေးခန်းထဲဝင်သွားကာ အိတ်အထုတ်သေးတစ်ခုကို ယူလိုက်ပီ

မင်းသားဆီ ဆပ်သပ်လိုက်ကာ

''ဒီဆေးဟာ သေးငယ်ပေမဲ့ သူ့ကိုနိုင်တဲ့အဆိပ်မရှိပါဘူး အဆိပ်မိတယ်ဆိုရင် ချက်ချင်းဆေးအနည်းငယ်လေးစားလိုက်တာနဲ့ပြေပျောက်ပါတယ်''

Life Goes OnWhere stories live. Discover now