Life Goes On part 25

152 13 0
                                    

Life Goes On Part 25

ပုဇွန်ဆီရောင် မိုးကောင်းကင်မုာ နေမင်းရဲ့အလင်းရောင် လေ တောင်အကွယ် ငှိတ်လျှိုပျောက်ကွယ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ နေမင်းကြီးကိုကြည့်ပီ ကျောရဲ့ဒဏ်ရာကို ကျပ်ကျပ်လေးစည်းထားကာ လေသာပြတင်ကနေ ဂျောင်ကုအပြင်ကိုကြည့်နေမိတယ်

ဒီနေ့လကွယ်ည အရှင့်ဆီ မပျတ်မကွက်ခစားခဲ့တဲ့ည

နာကျင်နေတဲ့ ဒဏ်ထက်အရှင့်ကိုလွမ်းစိတ်က ပိုနာကျင်ပီပိုမောနေရသလိုပဲ

ဒေါက်....ဒေါက်...

တံခါးခေါက်သံကြောင့် လေသာပြတင်ကနေခွာပီ တံခါးဖွင့်ပေးလိုက်ချိန်

''အပြင် သွားမလို့လား ဂျောင်ကု''

ဂျွန်း ရပ်နေရင်းမေးလိုက်သည်

''ဝင်လာလေ အကို ဟုတ်တယ် ကျနော်အပြင်သွားမလို့ အခုမဟုတ်ပါဘူး''

''အင်းး''

ဂျွန်းရဲ့ တွေးတွေးဆဆနဲ့ အပြောကြောင့်

''အကို ပြောစရာရှိတာလား''

''အင်း ထယ်ယူလာတဲ့သတင်းတွေအရဆို နန်းတွင်ဝင်ဖို့က အဆင်ပြေနိုင်ပါ့မလား ''

စိတ်ပူနေမိတယ် မိဘတွေအတွက် သူ့ရဲ့မုန်းတီချင်တွေ တွေးမိတိုင်း ရင်နာနေမိတယ်

''အကို စိတ်ပူလို့လား အကိုကတော်တာပဲကို လုပ်နိုင်မုာပါ ကျနော်က ဓားကိုင်တဲ့လက်ထိထားတော့.. ''

ဂျောင်ကု သူ့လက်မောင်လေးကို ကိုင်းရင် ငိုင်နေမိတယ်

''အင်းပါကွာ မင်းအပြင်သွားမုာမလား ဂရုစိုက်နော် စာမေးပွဲနီတော့ မြို့ကလူစုံနေတယ် သတိထား''

ဂျွန်းပြောပီ အခန်းထဲကနေပြန်ထွက်သွားဖို့ ပြင်နေခဲ့တယ်

'''ဟုတ်ကဲ့အကို''

ဂျောင်ကု အခန်းတံခါးကိုပိတ်ပီ ဂျွန်းနောက်ကထွက်လာတော့

''ဘယ်လဲ''

ယွန်းဂီ ဂျောင်ကု အပြင်ထွက်လာတာနဲ့ လှမ်းမေးလိုက်တော့

''ဟို...အပြင်ခဏသွားမလို့ပါ''

ယွန်း ဂျီ့ဆီသွားမလို့ပြောရင် ကန့်ကွက်မုာစိုးပီ ဂျောင်ကု မတင်မကျဖြေလိုက်၏

Life Goes OnWhere stories live. Discover now