Life Goes On part 10

170 13 0
                                    

Life Goes On part 10

မနက်ခင်း နေရောင်ခြည်တို့ ပူပြင်စွာ ကျရောက်နေချိန်ထိ မနိူးသေးသူကြောင့် ဆော့ ပျာယာခပ်ပီ လာနိူးချိန်

သခင်လေး ထယ် အခန်းရှေ့အရောက်မုာ သူ့ထက်ဦးအောင်ရောက်နေတဲ့ သခင်ကြီးကြောင့်

ဆော့ ဦးညွှတ်လိုက်ပီ နူတ်ဆက်လိုက်တော့

''ဟိုကောင် ခုထိမနိူးသေးဘူးလား မင်းတို့ညကဘယ်သွားပီ ဘယ်အချိန်ပြန်လားလဲ''

''ဟို စောစောပြန်လာပီ စာဖတ်နေပါတယ် သခင်လေးက''

''ဆော့ မင်းနော် ကျပ်ကျပ်အလိုလိုက် ပီတော့မဟုတ်တာပြောသိလား ဖွင့်စမ်းတံခါး''

''ဟို သခင်ကြီးရုံးတော်က ပြန်လာတာမောရောပေါ့ ကျနောမျိုး.....''

ဆော့ စကားမဆုံးသေခင်မုာပဲ

''ဆော့ လျှာမရှည်နဲ့ ဖွင့်တံခါး''

ဆော့ တွန့်ဆုတ် တွန့်ဆုတ်နဲ့ တံခါးဖွင့်နေတော့

သခင်ကြီးလည် စိတ်မရှည်စွာ တံခါးဖွင့် ဝင်လိုက်တော့

အိပ်ယာထဲမှာ စောင်ပုံထဲ အိပ်မက်ကမ္ဘာပေါ် ရောက်နေတဲ့သူကြောင့်

ဆော့ ခြေထောက်ကနေ

''သခင်လေး သခင်လေးထယ်''

ထယ် သူ့ခြေထောက်ကနေ လူပ်နိူးနေတဲ့သူကြောင့်

''ဟာကွာ ဆော့ အိပ်ချင်သေးတယ် ဖယ်စမ်းပါကွာ''

ထယ်ပြောရင် ခြေထောက်ကို ဖယ်လိုက်ပီ

''သခင်လေး ထယ် ဟို သခင်ကြီးရှိတယ် ထပါ''

''ထနိုင်ဘူး ပြောလိုက်ကွာ''

ထယ်အပြောကြောင့် ဆော့ သခင်ကြီးဖတ်လှည့်ကာ မျက်နာချိုး သွေးလိုက်ရင်

''ထယ် ထပါ တကယ်ရှိတာ''

''ဟာကွာ အိပ်နေပါတယ်ဆို သခင်ကြီးမကလို့ ဘိုးအေးကြီးပဲလာလာကွာ သွားစမ်းပါ''

''ဘာကွ ကင်ထယ်ယောင်း ''
သခင်ကြီး ရဲ့အော်လိုက်သံကြောင့် ထယ် အလန့်တကြား ထထိုင်ပီ

ဆော့နဲ့ကွယ်လိုက်ကာ

''အဖေကလည် ကိုယ့်သားလေ အေးအေးချမ်းချမ်း အိပ်နေတာကို''

Life Goes OnWhere stories live. Discover now