Part//6//

3.6K 324 4
                                    

Uni//

ကုတင်ပေါ်မှာငုတ်တုတ်လေးထိုင်နေတဲ့ကလေးနှစ်ယောက် ရှေ့ကယုန်သွားနဲ့ကလေးလေးဟာတော့ မျက်နှာလဲခပ်မဲ့မဲ့ဖြစ်နေပြီး သူ့ရှေ့က အစိမ်းဝမ်းဆက်နဲ့ ပေါင်းဖောင်းဖောင်းနဲ့ရုပ်တည်တည်ကလေးဟာတော့ တည်တည်လေးထိုင်နေရှာတယ်

"မုန့်လုံးလုံး ကောကော ကျောင်းမတက်ချင်ဘူး"

"ဟမ်ဘာလို့လဲ နေမကောင်းလို့လား"

လက်ပုတိုလေးတွေနဲ့သူ့နဖူးကိုလာစမ်းတဲ့
မုန့်လုံးလုံးကိုကြည့်ပြီးရှောင်းကျန့်‌ေလးငိုချင်လာပါတယ်

"အဟင့် အူးးး ဝါးးး"

ရိပေါ်‌ေလးမှာချက်ချင်းထငိုလာတဲ့ယုန်ကောင်ကြောင့်ဘာလုပ်ရမယ်မသိ ခနကအကောင်းကြီးလေ ဒီယုန်ဝတုတ်ကောင် ကျောင်းမသွားချင်လို့ ငိုနေတာလား

" ဘာလို့ ထငိုနေတာလဲ ကျောင်းမသွားချင်လို့လား ကျောင်းတက်မှစာရမှာလို့ဆရာမကပြောတယ်"

"အင့် ဟင့် ဒါမဲ့ ဟင့် မုန့်လုံးလုံးက ကျောင်းရောက်ရင် အင့် ကောင်မလေးတွေအကြည့်ခံတယ် အင့် ပြန်လဲကြည့်တယ် "

"ဟမ် "

ရိပေါ်လေးခေါင်းခြောက်ပါပြီ သူ့ရှေ့ကယုန်ကဘာတွေပြောနေတာလဲ သူလဲမကြည့်ပါဘူး ရှောင်းကျန့်နောက်တစ်ကောက်ကောက်လိုက်ရတာ ကျောင်းရောက်ရင်လဲ သူနဲ့ပဲနေဆိုပြီးခေါ်ခေါ်သွားလို့ ကောင်လေးတွေလာရင်လဲ မပေါင်းရဘူးတဲ့ သူ့မုန့်လုံးလုံးကသူဖင်အရိုက်ခံပြီးခင်ထားရတာတဲ့

တစ်နေ့ကငါတို့လဲအရိုက်ခံမယ်ဆိုပြီး ဝတုတ်တို့ စလို့ ဟိုတစ်ခါလဲ ငိုယိုပြီး အိမ်ပြန်လာတဲ့အထိပဲ ရိပေါ်‌ေလးကိုလဲအဲ့နေ့တစ်နေ့လုံးသူနဲ့အတူနေခိုင်းပြီး ဖင်သွားမရိုက်ဖို့ ကတိတွေတောင်းနေသေးတာ

ဆေးရုံဆင်းပြီးစကားပြီလာမှပဲရှောင်းသခင်ဆိုးဆိုးလေးအသံက ပိုပီပြင်လာတယ် ရိပေါ်‌ေလးမားမားကတော့ပြောပါတယ် သူကသားထက်တစ်နှစ်ကြီးပေမယ့် ကလေးလေးပါပဲတဲ့ ရိပေါ်လေးကအဲ့ယုန်ကောင်ရှိလာမှ ကလေးမလုပ်ရတော့တာပဲ

"ဘယ်မှာကြည့်လို့လဲ မကြည့်ပါဘူး မင်းနဲ့ပဲနေတာလေ"

ဘာပဲဖစ်ဖစ် အငိုတိတ်ဖို့အရေးတော့ရိပေါ်လေးကအစွမ်းကုန်ကြိုးစားရမယ်

ရှောင်းကျန့်ရဲ့မုန့်လုံးလုံး 'Complete'Where stories live. Discover now