Part //23//

2.7K 214 0
                                    

Uni //

ရောက်ရောက်ချင်း အထုပ်အပိုးတွေချကာ အကုန်ရေမိုးချိုးပြီးတာနဲ့ ထမင်းစားဖို့အတွက် အောက်ထပ်ဆင်းလာကြတယ် ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ကတော့ ရိပေါ်လာရင်နေနေကြအခန်းမှာသာနေကြတာမို့ အတူတူဆင်းလာတယ်

"အော် သားတို့လာလာ သားကျန့်လေး
ဒီမှာလာထိုင်နော်"

ထမင်းစားဝိုင်းမှာ ဝမ်ပါးနဲ့ဝမ်မားကတစ်ဖက်
ဝမ်ဖွားဖွားကတော့ လူကြီးမို့ ထိပ်ဆုံးခုံမယ်
ရိပေါ်ရယ်ရှောင်းကျန့်ရယ် ဝမ်မိန်းရယ်က‌တော့ ဘေးခုံတွေမှာသက်သက်ဆီထိုင်ကြတယ်

"ဖွားဖွား ဒါသားပြောတဲ့ ရှောင်းကျန့်လေ ရှောင်ရှောင်းဆိုတာ"

"ဟုတ်တယ် ဟုတယ် အဲ့တာ ယုန်ကောကော ချစ်စရာလေးမလား ဖွားဖွား"

"ဟဲ့ မြေးမ နင့်ကောကောပြောခိုင်းပါအုံး"

ဖွားဖွားကသူ့မြေးကိုလှန်းဆူသလိုလေးပြောတော့ ရိပေါ်ကရယ်တယ် ဘေးကရှောင်ရှောင်းကြည့်တော့ ငြိမ်ငြိမ်ကလေးနဲ့ရယ် ဒီယုန်လေးက
အနေများခက်နေတာလား

"ရှောင်ရှောင်း ဒါက ကိုယ့်ရဲ့ဖွားဖွားလေ "

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ရှောင်းကျန့်ပါခဗျ"

"အေးအေး မြေးကချစ်စရာလေးကွယ်
အဲ့တာမို့ ဝမ်လေးဒီရောက်တာနဲ့ငယ်ငယ်တည်းက သားလေးအကြောင်းအမြဲပြောနေတာ တစ်ခါတစ်လေ ရက်ကြာတဲ့နေ့တွေဆို သူ့ခဗျာ
တစ်မှိုင်မှိုင်နဲ့လေ ဒီကလေးကရုပ်တည်ကြီးနဲ့သာနေပေမယ့် ဒီအဖွားကိုညာလို့ရမလား မြေးလေးဘာဖြစ်လဲဆိုတော့ ဘာပြန်ပြောတယ် ထင်သလဲ ဟင်"

"ဖွားကလည်း"

"သားရဲ့ယုန်လေးကိုလွမ်းလို့တဲ့လေ ဖွားခဗျာ
ဒီကလေးကိုသေချာမေးမှ ဘေးအိမ်က သွားကျိုးကျိုးနဲ့ကောကောပါတဲ့ အဟင်း"

ဝမ်ဖွားဖွားက သူ့မြေးကိုပြုံးရယ်ကာ ငယ်ငယ်ကအကြောင်းတွေပြောနေတာ ရိပေါ်ကတော့
အခုလိုကြီးပြောတော့ လည်ပင်းကိုလက်နဲ့ပွတ်ကာရှက်ရယ်ရယ်နေမိတယ် ရှောင်ရှောင်းကလဲ မျက်နှာနီလေးနဲ့ပြုံးပြုံးလေးဖြစ်နေတာမို့ အသည်းယားမိပြန်တယ်

ရှောင်းကျန့်ရဲ့မုန့်လုံးလုံး 'Complete'Where stories live. Discover now