Part//20//

3K 258 9
                                    

Uni //

ဆိုင်အပြင်ဘက်မှာ ငါးယောက်သားတိတ်ဆိတ်နေတယ် ရှောင်းကျန့်ကလက်သည်းကိုတတိတိကိုက်ကာ ရိပေါ်ကိုခိုးကြည့်နေမိတယ် သူရိပေါ်ဒီလောက်စိတ်တိုတာမတွေ့ဘူးတာမို့ သူကြောက်တယ် အခုတော့ ခနကအမူးတွေလဲဘယ်ရောက်ကုန်လဲမသိပါ

" ရိ ‌ရိပေါ်"

"..

"အဲ့လက်ကကိုက်နေအုံးမှာလား "

"ဟင် "

"အဲ့လက်ကိုကိုက်တာဘယ်လောက်ကြာနေပြီလဲလို့"

"ဟို မင်း စိတ်မဆိုးနဲ့တော့လေ ငါ ငါလဲ အရင်ထိုးပလိုက်တာကို"

မျက်နှာငယ်နဲ့ရှောင်းကျန့်က ရသလောက်ချော့တယ် ရိပေါ်အနေနဲ့ ရှောင်းကျန့်ကိုမဟုတ်ပါပဲ
သူစိတ်‌တွေသူထိန်းမရပါ သူရှိရဲ့နဲ့ဖြစ်တာကိုလဲ သူပိုစိတ်တိုမိတာမို့

"ရိပေါ်~~"

လက်နှစ်ချောင်းကိုပူးကာ အင်္ကျီစကိုဆွဲကာပြောလာရောရှောင်းရှောင်း ဒါကသူစိတ်ဆိုးနေတယ်ထင်ပြီး လာချော့တာတဲ့လား

"အင့် မင်းမပြောရင် နေ ငါငိုတော့မှာ "

ပြောကာမျက်ရည်တွေဝဲလာသောရှောင်ရှောင်းကြောင့် ရိပေါ်မှာ ပြာပြာသလဲ

"ရှောင်ရှောင်း မငိုရဘူးလေ ကိုယ်ကမင်းကို စိတ်ဆိုးတာမဟုတ်ပါဘူး ကိုယ်ရှိရဲ့နဲ့ မင်းအပြောခံရတာကို ကိုယ်စိတ်တိုမိတာပါ ကိုယ်အဲ့ကောင်တွေကို သေအောင်သတ်ချင်နေတာ"

" မင်းသူတို့ကို ထိုးလိုက်လို့လဲ ခြေတွေ လက်တွေကျိုးကုန်လောက်ပြီကို အခုကလေ အင့်"

"ဟမ် ရှောင်ရှောင်းဘာဖြစ်တာလဲ ဘယ်နားခိုက်မိထားသေးလို့လဲ ကိုယ့်ကိုပြ"

ရှောင်းကျန့်ကို ဟိုဘက်ဒီဘက်လှည့်ကာ
စစ်နေသောရိပေါ်ကြောင့် အကုန်လုံးကတော့ခေါင်းခါတယ် သူ့ဟာသူရှောင်းကျန့်မျက်နှာတစ်ကမ္ဘာတည်နေတာ ဒီလိုရုပ်တွေနဲ့အိမ်ပြန်ကြအုံးမလို့လားဆိုတာ မသိတဲ့အထိ ရိပေါ်တို့က အချစ်အစွမ်းတွေခြုံခံထားရတာပါ

" ဝမ်ရိပေါ်ရှင် ရှင်တို့အိမ်ပြန်ချိန် ဒါမျိုးလှနေတာကို ပြောတာပါရှင်"

ရှောင်းကျန့်ရဲ့မုန့်လုံးလုံး 'Complete'Where stories live. Discover now