Part//18//

3.2K 273 9
                                    

Uni//

အိမ်ကိုပြန်တဲ့လမ်းအတိုင်းသွားနေတာမို့ ရိပေါ်မှာနောက်ကနေပဲလိုက်ဖို့ကားဆရာကိုလမ်းညွှန်လိုက်ရတယ် ဟူးးးကိုယ်ကလဲစိတ်မထိန်းနိုင်လို့ဖြစ်သွားမိတာ အိမ်ရောက်ရင်တော့ရှင်းရပေအုံးမယ်

" ဟုကဲ့ကျေးဇူးပါဗျ ဒီမှာပိုက်ဆံပါ"

ကားသမားကိုပိုက်ဆံပေးကာ ရှောင်းအိမ်ထဲပဲအပြေးဝင်လာမိတယ်

"ဝမ်ရိပေါ်!!!"

ပါးပါးရဲ့အော်သံကြောင့် တံခါးဝတင်လူကရပ်မိတယ် နှစ်အိမ်တောင်စုံနေကြတာလား အဟင်းးးး

"လာပါအုံး ဝမ်လေးဘယ်လိုလုပ်လိုက်တာလဲ  
မားမားသူများကိုအဲ့လိုလုပ်တာမကြိုက်တာသိတယ်မလား အခုကပိုဆိုးတယ် သားကျန့်လေးကိုမှကိုယ်ထိလက်ရောက်လုပ်ရတယ်လို့
ကလေးဘယ်လောက်ဝမ်နည်းနေလိုက်မလဲ ဟင်"

"ဘာမှအချိုနဲ့ပြောမနေနဲ့မိန်းမ ဒီကောင်ဒီလိုအမြဲဆိုးနေလို့ ဖြစ်တာပေါ့"

"သား သား စိတ်မထိန်းနိုင်လိုက်လို့ပါ"

"ဟ့ မင်းစိတ်မထိန်းနိုင်တာနဲ့ လုပ်ပြစ်ရလား ဟင်"

"ကလေးကိုဖြေးဖြေးပြောကြပါဝမ်မားတို့ရယ်
ရိပေါ်လေး ဘလိုကနေဘယ်လိုရန်ဖြစ်လို့ ထိုးတဲ့အဆင့်ထိရောက်ကုန်ရတာလဲဟင်"

"ဗျာ"

ရှောင်းမားအပြောကြောင့် ရိပေါ်မှာကြောင်အအရယ် မဟုတ်ဘူးလေ လွဲနေသလိုပဲ

"အေးလေး သားကျန့်ကျန့်ကပြောတယ်
သားကသူ့နှုတ်ခမ်းပေါက်အောင် ထိုးလိုက်တယ်ဆို"

အခုမှသဘောပေါက်တာမို့ ရိပေါ်မှာရယ်ချင်တာကိုသာအောင့်ထားလိုက်မိတယ်
ဘယ်လိုတောင်ဖြေပစ်လိုက်တာလဲ  အဟားးး

"ရှောင်းကျန့်ရောရှောင်းမား"

"မင်းက ထပ်ထိုးအုံးမလို့လား"

"အာ ပါးကလဲ မဟုတ်ပါဘူး သားသူ့ကိုချော့မို့ပါ"

"မင်းကလုပ်ပြီးမှ‌ချော့စရာလား"
ပါးပြောတာကိုနားမထောင်တော့ပဲ အိမ်ပေါ်ထက်သာတက်ခဲ့လိုက်တယ် အခန်းတံခါးဖွင့်လိုက်တော့ ကုတင်ပေါ်ကလှုပ်စိလှုပ်စိလေးကြောင့်
တင်ပါးလွှဲထိုင်လိုက်မိတယ်

ရှောင်းကျန့်ရဲ့မုန့်လုံးလုံး 'Complete'Wo Geschichten leben. Entdecke jetzt