Uni //
"ရှောင်းကျန့်"
နောက်တစ်ခါထပ်ခေါ်မှသာတစ်ဖြည်းဖြည်းလှည့်လာတဲ့ကိုယ်လေးက
သူ့မြင်တော့မျက်စောင်းထိုးကာ လှည့်ထွက်မလို့လုပ်နေတာမို့ အလျင်အမြန်ပဲ လက်ကိုဆွဲထားမိတယ်"ရှောင်းကျန့်ငါတောင်းပန်ပါတယ်"
"ဟွင့် "
အတင်းမရုန်းပဲမျက်နှာတစ်ဖက်လှည့်ကာဆူပုတ်နေတာမို့ ချော့လို့အဆင်ပြေသလောက်ရှိပါပြီ
"ဒါမဲ့မင်းကသူများပေးတာစားမယ်ပြောတဲ့အချိန် ငါဘယ်လောက်သဝန်တိုလဲသိလား
အမြဲငါ့အတွက်လိမ်မာတဲ့မင်းက အဲ့လိုမျိုးနေတော့ ငါအခံရခက်ဆုံးပဲ မင်းပြေတဲ့အထိချော့မာမို့ နောက်ဆို မျက်ရည်တော့မကျပါနဲ့""မင်းကငါ့အတွက်မယူခဲ့ဘူး"
"ငါတောင်းပန်းပါတယ်ကွာ"
"မင်းကခရမ်းသီးပါတာကြီးကျွေးတယ်"
"အာ ငါတောင်းပန်ပါတယ်"
"မင်းက အင့် ငါ့ကို ဟိုကလေးမလေးရှေ့မှာဆိုးတယ်လို့ပြောတယ်"
"မင်းစားစေချင်လို့ ငါဒီတိုင်းလေးပဲ ခြောက်လိုက်မိတာပါ"
"နောက်ပြီး လူကြားထဲမှာ အော်တယ် အီးး ဟီးးး"
ပြောရင်းဝမ်းနည်းလာလို့ထင်တယ် ထငိုတာမို့
ရိပေါ်မှာ ခြေမကိုင်မိ လက်မကိုင်မိ"ငါမင်းအတွက်မယူလာမိလို့ ငါမစားပဲမင်းကိုကျွေးတာပါ မင်းကမစားဘူးဆိုလို့ ပြီးတော့မင်းကထမင်းအစာလွန်တော့မှာမလား အဲ့တာမို့ ခြောက်ကျွေးမိတာပါ"
ရိပေါ်မျက်နှာငယ်ပြီးပြောတော့ ရှောင်းကျန့်လေးကမငိုတော့ပဲ မျက်လုံးလေးပေကလပ်လပ်လေးနဲ့လုပ်နေရှာတယ်
ဒါကစိတ်မဆိုးတော့ပေမယ့် နောက်ဆက်တွဲအလိုလိုက်ရမဲ့အခြေအနေမို့ ရိပေါ်သက်ပျင်းချမိတယ်
ဒီနေ့ကျောင်းမတက်ရတော့မှာကြိုသိနေပြီလေ"အဲ့တာဆို စိတ်ဆိုးမပြေသေးဘူးနော်
ငါ့အလိုကိုလိုက်မှပြေမှာ ပြော ""ဟူးးး ဟုပြီ ဟုပြီ ပြော အလိုတော်အတိုင်းပါဗျာ"
"လေသံကိုပြင်နော် "
YOU ARE READING
ရှောင်းကျန့်ရဲ့မုန့်လုံးလုံး 'Complete'
FanfictionUni// "ငါ့နာမည်ဝမ်ရိပေါ် ဝမ်ရိပေါ် ဝမ်စိစော်မဟုတ်ဘူး" "တောတောနငြည်က စောင်စန့် " Zawgyi// "ငါ့နာမည်ဝမ်ရိပေါ် ဝမ်ရိပေါ် ဝမ်စိစော်မဟုတျဘူး" "တောတောနငြည်က စောင်စန့် " #Yizhan #M'Mind