Uni //
ရှောင်းကျန့်မနက်စောစောမှာပဲလူကငေါက်ခနဲနိုးလာတယ် တစ်ကိုယ်လုံးတင်းကျပ်နွေးထွေးနေတာမို့အိပ်လို့တော့သက်သာသား
ဒါနဲ့ညကအိမ်မက်မက်တယ် အဲ့တာကလဲ ဘယ်လိုတောင်မျက်နှာပူစရာကြီးလဲသူကရိပေါ်နဲ့တဲ့ တွေးလိုက်တာနဲ့သူ့မှာပူထူလာတာမို့
ထထိုင်လိုက်မိတယ်"အာ့ အင့် "
တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုပြန်လဲကျသွားတာမို့သူ့မှာရှုံ့မဲ့မိသွားတယ် လှုပ်မရတဲ့ကိုယ်ကြောင့် မျက်လုံးဖွင့်ကြည့်လိုက်မှ
"အား"
"ဟင် အမ် ရှောင်ရှောင်းဘာဖြစ်လို့လဲဟင် ကိုယ့်ကိုပြော"
"ဝမ်ရိပေါ်ကြီး "
"အင်း ကိုယ်လေ "
ရှေ့တည့်တည့်ကထိုင်နေတဲ့ဝမ်ရိပေါ်
အပေါ်ပိုင်းကိုကြည့်မိတော့အဝတ်မပါ မသင်ကာလို့ ရှောင်းကျန့်သူ့ကိုသူစောင်လှပ်ပြီးငုံ့ကြည့်မိရာမှ ပိုဆိုးသွားတယ်
ညကဒီတိုင်းအိပ်ထားကြတာ ဒါဆိုညကတကယ်ကြီးပေါ့ အိမ်မက်မဟုတ်ဘူးပေါ့"အီးးးဟီးးးး မကောင်းတဲ့ကောင် အင့် "
ရုတ်တရက်ထငိုလိုက်သောရှောင်းကျန့်ကြောင့်
ရိပေါ်မှာအထိပ်တလန့်ဖြစ်သွားတယ်
အစောတည်းက ရိပေါ်ကိုကြည့်လိုက် ငိုမဲ့မဲ့နဲ့သူ့ကိုသူကြည့်လိုက်လုပ်နေတဲ့ဟာလေးက
အရင်လိုပဲတကယ်ကလေးအတိုင်းပါပဲ
မနက်စောစောကိုရိပေါ်မှာစွဲရမ်းပြစ်ချင်တာပဲသိတယ် အခုတော့ ဟိုကရှိုက်တငင်ကိုငိုနေတာမို့
သူ့မှာခြေမကိုင်မိလက်မကိုင်မိ"အာ ရှောင်ရှောင်းဘာလို့လဲဟင် ကိုယ့်ကိုပြော ဘာအဆင်မပြေလို့လဲ ညကကြောင့် နာနေတာလား ဘယ်နားကလဲ"
ပြောလဲပြော လက်ကလဲစောင်ကိုစွဲလှန်နေသောရိပေါ်ကြောင့် ရှောင်းကျန့်ကရိပေါ်လက်ကို
ပုတ်ထုပ်လိုက်ကာအော်ပြောလာတယ်"အီးး မင်းက ငါမူးနေတာကို လာမှားတာ ဘာလို့လာမှားနေတာလဲ မင်းမူးမှမှားပါလား !! ဟင့် အီးဟီးး အခုတော့ အီးးး!!"
ပိုလို့ငိုလာသောရှောင်းကျန့် ဘာတဲ့ မင်းမူးမှမှားပါလားတဲ့အော် သူ့ခဗျာ ကိုယ်ကပဲသောက်ပြီးသူ့ကိုအတင်းယူတာလက်ခံမလို သူမသိလိုက်တာကိုပဲစိတ်ဆိုးနေသလိုမို့ ရိပေါ်မှာ ရယ်ရမလိုငိုရမလိုပါပဲ ဘာလေးလဲ
YOU ARE READING
ရှောင်းကျန့်ရဲ့မုန့်လုံးလုံး 'Complete'
FanfictionUni// "ငါ့နာမည်ဝမ်ရိပေါ် ဝမ်ရိပေါ် ဝမ်စိစော်မဟုတ်ဘူး" "တောတောနငြည်က စောင်စန့် " Zawgyi// "ငါ့နာမည်ဝမ်ရိပေါ် ဝမ်ရိပေါ် ဝမ်စိစော်မဟုတျဘူး" "တောတောနငြည်က စောင်စန့် " #Yizhan #M'Mind