Uni //
"ရိပေါ် ရိပေါ် လာလာ အဟီးး နှင်းလုံးလေးတွေရိပေါ် အားးးးးး အေးနေတာပဲ အဟီး"
"ရှောင်ရှောင်းတအားအေးနေပြီလေကွာ လာ"
"အင်းပါ အင်းပါ အိုခေ"
သူပြောတော့လည်း မျက်နှာစူပုတ်ပုတ်နဲ့ နှင်းတောထဲထီးတစ်လက်နဲ့ နှင်းတွေနဲ့ဆော့နေတဲ့ကောင်လေးက ပေကပ်ကပ်နဲ့လာရှာတယ် ဒါသူလေးစိတ်ဆိုးနေတဲ့သဘောပေါ့ အဟားးး
"ဟော ရှောင်ရှောင်းအေးလို့နေမကောင်းဖြစ်မှာဆိုးလို့ပါကွာ "
"မင်းရှိနေတာကို ငါကအဲ့လိုကြောက်နေရအုံးမှာလား မင်းဂရုစိုက်ရမှာမဟုတ်ဘူးလား ဟင်
ဝမ်ရိပေါ်တို့က စေ့စပ်ထားပြီဆိုတာနဲ့ ပြီးပြီထင်ပြီးလူကိုအဲ့လိုအရေးမစိုက်ချင်လုပ်နေတာပဲ"နှုတ်ခမ်းလေးထော်ကာ ကော့ပတ်ပတ်စကားပြောရင်းလျှောက်နေတဲ့ကောင်လေးကိုကြည့်ကာရိပေါ်ကသွားတန်းဖွေးဖွေးလေးတွေပေါ်အောင်ရယ်မိတယ် လက်ထဲမှာကိုင်ထားတဲ့ရှောင်ရှောင်း ကင်မရာလေးကိုကြည့်ကာသူအကြံပွင့်သွားတာမို့
"ဟေးး ရှောင်းပေါင်ပေါင်း ဒီဘက်လှည့် "
ရိပေါ်ကခေါ်တော့ ဘောက်စက်စက်နဲ့လှန်းကြည့်တဲ့ကောင်လေးပုံက ရိပေါ်လက်ထဲကကင်မရာလေးထဲမှာအခန့်သားရယ်
"အယ် အဟီး ရိပေါ် ဘယ်လိုလဲ ချောလား"
သူမဟုတ်တဲ့လူလေးလိုအခုကြလဲ စွေ့ခနဲရောက်လာကာ ရိပေါ်ရင်ခွင်ထဲတိုးဝင်မတက်
လိုက်ကြည့်နေတဲ့ကောင်လေးကို ရိပေါ်ဆွဲဖက်ထားလိုက်တယ်" အင့် ရိပေါ် လျှော့ဖက်လေ "
"ဒီမှာကြည့်ပါအုံး နှုတ်ခမ်းစူစူလေးနဲ့
ကိုယ့်ရှောင်ရှောင်းက ချစ်စရာလေး""ငါကချောတာပါနော် "
"ဟင့်အင်း ချစ်စရာလေး"
"ရိပေါ် !"
"အင်း ကိုယ် "
ပြောကာရိပေါ်ကသူ့ရင်ဘတ်ထဲက ကိုယ်လေးကိုဖြစ်ညှစ်ကာ ခေါင်းလုံးလုံးလေးကိုနမ်းတယ်
နှစ်သစ်ကူးတော့မှာမို့ ဆောင်းရာသီအလည်အပတ်အနေနဲ့သူတို့ထွက်လာခဲ့ခြင်းပင်
အခုလည်းနှင်းတောထဲ ပျော်နေတဲ့လူသားကိုကြည့်ကာ သူလည်းလိုက်ပို့ရကြိုးနပ်ပါတယ်လေ
YOU ARE READING
ရှောင်းကျန့်ရဲ့မုန့်လုံးလုံး 'Complete'
FanfictionUni// "ငါ့နာမည်ဝမ်ရိပေါ် ဝမ်ရိပေါ် ဝမ်စိစော်မဟုတ်ဘူး" "တောတောနငြည်က စောင်စန့် " Zawgyi// "ငါ့နာမည်ဝမ်ရိပေါ် ဝမ်ရိပေါ် ဝမ်စိစော်မဟုတျဘူး" "တောတောနငြည်က စောင်စန့် " #Yizhan #M'Mind