Part//25//

2.5K 215 9
                                    

Uni //

'ရိပေါ်ကောကော ပေးပါဆို မိန်းပေးမှာလို့ '
'တိတ်တိတ်နေတော့လေ အခန်းရောက်နေပြီကို "

အိပ်ရာထဲကနေကြားနေရတဲ့အသံတွေကြောင့်ရှောင်းကျန့်မျက်လုံးပွတ်ကာ ထိုင်မိလိုက်တယ်
မနက်ကဘာမှမဖြစ်ဘူးသာပြောတာ အခုကြတစ်ကိုယ်လုံးကိုက်ခဲကာ ခြေချင်းဝတ်ကပိုနာလာတယ် လူကနာနေပါတယ်ဆို ဟိုဝမ်ရိပေါ်ကောင်ကဘယ်ရောက်နေတာလဲပဲ

'ကျွီ '

"အဟီး ယုန်ကောကောနိုးပြီလား"

"ရှောင်ရှောင်းနိုးပြီလားဟင် ဘယ်နားနာသေးလဲ"

ကုတင်ပေါ်ကနေ ဘာမှပြန်မပြောပဲကြည့်နေသောရှောင်ရှောင်းကြောင့် ရိပေါ်ကုတင်မှာတင်ပါးလွဲထိုင်ကာ သေချာမေးရတယ်
ဒီဟာလေးအိပ်ရာနိုးနိုးချင်းခေါင်းမကြည်ဘူးထင်တယ်

"ဟင် သံပုရာရည်သောက်မလား ကိုယ်လက်နာနေသေးလား ဘာဖြစ်လို့လဲဟင်"

"ဘယ်ကပြန်လာတာလဲ"

"ဟမ် အာ.."

"အဟီး ရိပေါ်ကောကောနဲ့မုန့်ဈေးတန်းသွားတာလေ ဒီနားလေးမှာလေ ယုန်ကောကောနေကောင်းရင် မိန်းလိုက်ပို့မယ်သိလား"

"အာ ကိုယ်‌ ရှောင်ရှောင်းစားဖို့ရော သွားဝယ်ရင်းနဲ့"

"ဘာလို့ငါ့နားကြမနေတာလဲ"

မျက်နှာစူပုတ်စွာပြောလာသောရှောင်ရှောင်းကြောင့် ရိပေါ်မှာ သက်ပျင်းချမိတယ်
သူလိမ်ပြောရင်ရသေးတယ် ဟိုကလေးမက
အစကတော့ သူပဲအရခေါ်ပြီး အခုလဲအလိုက်ကန်းဆိုးမသိ အကုန်ပြောနေတေ့ာတာပဲ

"အာ ကိုယ် ခနလေးပဲသွားတာပါ ရှောင်ရှောင်းနေကောင်းရင် ကိုယ်နဲ့အတူသွားမယ်လေသိလား"

မျက်နှာဟိုဘက်လှည့်သွားတဲ့ရှောင်းကျန့်ကြောင့် ရိပေါ် ဝမ်မိန်းလက်ထဲက မုန့်ကိုသာယူပြီး ချော့ဖို့ပြင်ရတယ် သူကလဲသူပဲ မနိုးလောက်သေးဘူးထင်လို့ ဝမ်မိန်းမပူဆာနေတာနဲ့လိုက်သွားမိတာ

"ရှောင်ရှောင်းကိုယ်မုန့်ဝယ်လာတယ်သိလာ
ဝမ်မိန်းဝယ်လာပေးတာဒါလေးက ရှောင်ရှောင်းအကြိုက်လေ"

ရှောင်းကျန့်ရဲ့မုန့်လုံးလုံး 'Complete'Where stories live. Discover now