Part//29// (FINAL)

4.3K 244 9
                                    


Uni //

ရုပ်ရှင်ရုံကပြန်တဲ့လမ်းတစ်လျှောက်လုံး ဟိုဟာစားချင်ဒီဟာစားချင်နဲ့ပူဆာနေတဲ့ရှောင်းကျန့်ကို ဘေးနားကနေရိပေါ်ကတော့အရိပ်တကြည့်ကြည့်နဲ့အကုန်လိုက်ကျွေးနေတော့တယ် ဘေးနားကမကြီးမငယ်နဲ့လူကြီးလေးကလည်း လိုတာရတော့တပြုံးပြုံးနဲ့ ခုန်ဆွဆွနဲ့ ပျော်နေတော့တာ

"ရိပေါ် အပြန်ကြရင် ရေခဲမုန့် ဝယ်သွားရအောင်"

"ညဘက်ကြီးအေးနေပြီလေ ရှောင်ရှောင်းရဲ့"

"မင်း ကလဲ ငါက စားချင်တာကို "

ပြောလိုက်တော့လဲ မျက်နှာငယ်လေးနဲ့ရိပေါ်ကိုလက်လေးနဲ့တို့ကာပြောလာတာလည်း ဒီကကောင်ကပဲမနေနိုင်

"ကဲ ဟုတ်ပြီ နည်းနည်းပဲရမှာနော်"

"အင်းအင်း နှစ်ခွက်လေးပဲ ဒီလိုလေးနှစ်ချောင်းပဲ အဟီး"

လက်ညှိုးလေးနှစ်ချောင်းထောင်ကာ ချစ်ဖို့ကောင်းအောင်ပြောလာတာမို့ ရိပေါ်မှာအသဲတယားယား ဒါလေးကဒီလိုလေးလဲ ကလေးဆန်ပြန်တာပဲ

"မွ "

"ဟင် ရိ . ရိပေါ် "

ရုတ်တရက် ပါးကိုလာနမ်းသောရိပေါ်ကြောင့် ဘေးကလူတွေကြည့်တော့လဲ သူတို့နှစ်ယောက်ကိုကြည့်နေတာမို့ ရှောင်းကျန့်မှာ မနေတက်အောင်ရှက်ရပြန်သည်

"ရိပေါ် အရှက်မရှိကောင် "

ရှေ့ကနေခပ်သွက်သွက် လျှောက်သွားတဲ့နောက်ရိပေါ်မှာပြုံးရင်းသာလိုက်ရပြန်တယ် လူကြီးလေးရှက်သွားပြီလေ

...........................

"စတော်ဘယ်ရီနဲ့ တစ်ခွက် အချဉ်ပါတာနဲ့ကတစ်ခွက် "

ပြန်ခါနီးရေခဲမုန့်ဆိုင်ဝင်ကာ ရေခဲမုန့်မှာနေတဲ့ရှောင်းကျန့်
ဆိုင်ရှင်ကထုပ်ပေးပြီးတာနဲ့ တစ်ခုကိုကိုင်ကာ တစ်ခုကပါးစပ်နဲ့ မိတ်ဆက်ပေးနေသောရှောင်းကျန့်ကရိပေါ်ကိုတောင်စကားပြောဖို့မအားပါ တစ်နေရာအရောက်မှာ ရပ်ကာငြိမ်သွားသောရှောင်းကျန့်ကြောင့် ရိပေါ်ပါလိုက်ကြည့်မိတော့ အရှေ့ကကလေးလေးနဲ့မိသားစုတစ်ခု ကလေးလေးကိုအလည်မှာထားကာ သူ့ရဲ့အဖေကရေခဲမုန့်ဝယ်ကျွေးဖို့ချီခေါ်သွားတာကိုကြည့်တာတွေ့တာမို့ ရိပေါ်စကားစလိုက်တယ်

ရှောင်းကျန့်ရဲ့မုန့်လုံးလုံး 'Complete'Where stories live. Discover now