Part//8//

3.5K 312 1
                                    

Uni//

"အဲ့တာဗီလိန်ကောင်ပါဆို မင်းမယုံရင်သူ့ကိုကြည့်ပါလား ဂျစ်ကန်ကန်နဲ့လေ"

ရှောင်းကျန့်က အားမရစွာနှုတ်ခမ်းတထော်ထော်နဲ့ဝမ်ရိပေါ်ဘက်ကိုမျက်နှာပါမူပြီး ဖုန်းကိုလက်ညှိုးထိုးထိုးပြီးပြောတယ်

ညနေကျောင်းကပြန်ရောက်တာနဲ့စာမလုပ်ပဲဇာတ်ကားကြည့်ချင်ပါတယ်ဆိုတဲ့အမောင်ရှောင်းကျန့်ဂျစ်တိုက်မှုကြောင့် ဝမ်ရိပေါ်ပါ အခုတော့စာအုပ်တွေပလစ်ထားရပြီဖစ်တယ်

"မင်းဘာလို့အလိုပြောတာလဲမသိပေမယ့် အဲ့ကောင်ကမင်းသားပဲဖစ်မှာလေ သူ့ဘာသူတည်နေတာကို "

"ငါကဗီလိန်ဆို ဗီလိန်လုပ်လိုက်စမ်းပါ ဝမ်ရိပေါ်ရာ"

"မင်းကမဟုတာကြီးပြောနေတာကို "

"အာ့ဆို လောင်းမလား "

"ကြိုက်တယ်လေ လုပ်လုပ် မင်းနိုင်ရင် မင်းကြိုက်တာငါ့ပြော ဘလိုလဲ "

"အိုခေ"
.
.
.
.
.
.
.
.
.
ဇာတ်ကားပြီးခါနီးတော့ ရှောင်းကျန့်မျက်နှာလေးကစူပုတ်ပုတ်ဖစ်လာပါပြီ သူမှန်းတာလွဲနေတာကို အစတည်းကအူလည်လည်နဲ့ကြည့်နေတာကို

"ပြောပြော ဘာလုပ်ခိုင်းမှာလဲပြော"

"ရှုံးတာနဲ့ မျက်နှာကြီးတင်းမနေနဲ့လေ ရှုံး‌လဲပျော်ပျော်ပေါ့နော့"

ဝမ်ရိပေါ်ကပြုံးစစနဲ့လှန်းစတယ် ရှောင်းကျန့်စိတ်ဆိုးနေတာလေးက တကယ်ယုန်လေးတစ်ကောင်မာန်ဖီနေသလိုပဲ

"အခုမှ ညနေပဲရှိသေးတယ် ညကြမှ လောင်းကြေးယူရမယ် ဒီညငါဒီမှာလာအိပ်မယ်"

"မင်း မင်း ဘာညမှလဲ"

"ဟမ် မင်းကဘာတွေတွေးနေတာလဲ ဟင်"

ကုတင်ပေါ်ကနှစ်ယောက်မျက်နှာချင်းဆိုင်မို့
ဝမ်ရိပေါ်ကဘးလှည့်ကာတစ်ဖြည်းဖြည်းတိုးရင်း ရှောင်းကျန့်ကနောက်လေးလန်ကျနေတော့တယ်
အင်းသူတို့ပုံစံကတော့ ကို့ယို့ကားယားလေးနဲ့ပေါ့

"ငါ ငါပြောတာ မင်းဘာမင်းတွေးနေတာလေ နောက် နောက်ဆုတ်အုံး"

ရိပေါ်အခုမှသူ့ရှေ့ကလူကိုကြည့်မိတယ် အနီးကပ်မြင်နေရတဲ့ မျက်ဝန်းလေးထဲမှာ အရည်လဲ့နေတာ မျက်တောင်စင်းစင်းလေးတွေ နှုတ်ခမ်းထပ်နီနီ‌ရဲရဲလေး နှုတ်ခမ်းပါလေး

ရှောင်းကျန့်ရဲ့မုန့်လုံးလုံး 'Complete'Where stories live. Discover now