"ကိုကို"
"အင်း ကလေး ဘာဖြစ်လို့လဲ" ရုံးရောက်ခါစပဲရှိသေးတယ် တိမ်စိုင့်ဆီကဖုန်းဝင်လာတာမို့လို့ကိုင်လိုက်ရာ ငိုမဲ့မဲ့အသံလေးနဲ့ပြောနေတာကြောင့် မင်းထက်မှာလန့်သွားရတယ်။ အန်ကယ်များဆူလိုက်လေသလား။
"သားဖျားနေပြီ"
"မနေ့ညနေကကိုယ်လိုက်ပို့တဲ့အထိကို မဖျားသေးဘူးလေ ညဘက်ကြီးရေထပ်ချိုးလား ကလေး?"
"မချိုးပါဘူး ကိုကိုဆူလိုက်လို့ဖျားသွားတာနေမှာ ထပ်တောင်ငိုချင်လာပြီ"
"ငိုတော့မငိုလိုက်ပါနဲ့ ကလေးရယ် အဖျားအရမ်းကြီးနေလား"
"အဖျားက 99ကြီးတောင်" အဖျားငွေ့ငွေ့လေးရှိနေတာကို တမင်သက်သက် နောက်ကြရင်ဆူလို့ ရိုက်လို့မရအောင် ချဲ့ကားပြောနေတာမှန်း မင်းထက်သိလိုက်တယ်။
"ဒါဆိုကိုယ်အခုလာခေါ်မယ် ဆေးခန်းသွားပြီးဆေးထိုးရင်သက်သာသွားမှာ"
"မခေါ်ရပါဘူး သားကပျောက်တော့မှာ ကိုကို့ကိုကလွမ်းလို့ဖုန်းဆက်တာ ဟီး"
"မနေ့ကလေးတင်တွေ့ထားတာလေ"
"ဟုတ်တယ်လေ ဒါပေမယ့်လွမ်းတယ် ဘာဖြစ်ချင်လဲ?, ဪ ကိုကိုဘယ်နေ့လာခေါ်မလဲ ဖေဖေကတော့ဒီရက်ပိုင်းထဲသွားရမယ်ပြောတယ်"
"ကိုယ်လဲပြောမလို့ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်လောက်လာခေါ်မယ်လေ အဝတ်တွေထည့်ပြီးပြီလား?"
"တစ်ဝက်တော့ပြီးပြီ ကိုကို ဒီနေ့မနက်ထည့်ထားမယ်လေ ဒီညနေလာခေါ် ဟီး"
"မထည့်နဲ့ ကိုယ်လာမှထည့်ပေးမယ် နားနားနေနေပဲနေ အိမ်မှာရော အန်ကယ်ရှိလား?"
"ဟုတ် ရှိတယ် ကိုကို သားကိုဆေးတွေတိုက်နေတာ"
"အင်း မနက်စာစားပြီးရင်ရော နေ့လည်စာစားပြီးရော သောက်ရမယ်နော် ကိုယ်၁နာရီလောက်လာခဲ့မယ်"
"ဟုတ် ကိုကို ဒါဆိုခုခဏတာ့တာ"
"တာ့တာ ကလေး"

YOU ARE READING
A Nephophile
Aktuelle LiteraturA Nephophile. လောဘကြီးစွာနဲ့ပဲ တိမ်စိုင့်ကိုချစ်မယ့်သူဆိုတာ ကိုယ်တစ်ယောက်ပဲရှိချင်တာမို့ ကိုယ့်ဘာသာ A Nephophileလို့ခေါ်တွင်လိုက်တယ်။