Episode 2 (Uni)

1.5K 60 2
                                    

"​ဇေယျ"

"..."

"နိုင်​ဇေယျ!" နားနားကပ်ပြီး ခပ်ကျယ်ကျယ်​အော်လိုက်မှ ​ဘေးနားက ဆံပင်ဂင်တိုတို၊ အသားကသိပ်မဖြူသလို သိပ်လဲမမည်း ကိုယ်ခန္ဓာအ​နေ​တော်​လောက်နဲ့ကောင်ကနိုးလာ​တော့တယ်။

"မင်း​မေရဲ့ဦး​လေး​တော်ကြီးကအိပ်​နေတယ်ဟ ​ဖြည်းဖြည်း​အော်ပါ တိမ်စိုင်ရာ"

"​ကျောင်းဆင်း​တော့မယ်လို့, ဆရာမ​ရေးထားတဲ့စာက မင်းစာအုပ်ထဲလဲ​ရောက်ပြီ ငါ​ရေးပြီး​တော့ ဆရာမကစာ​တွေ​ရှင်း​နေတာနဲ့ မင်းစာအုပ်ထဲပါ​ရေး​ပေးထားတယ်" နှစ်နာရီခွဲ​​တော့မယ်ဆိုတာကိုညွှန်ပြ​နေတဲ့လက်ပတ်နာရီကိုထိုးပြပြီး ​ပြောလိုက်​တော့ ဟိုအ​ကောင်က စပ်ဖြီးဖြီး။

"ငါ့လက်​ရေးနဲ့တူ​အောင်​ရေးထားတယ်မလား"

"​​အေး ပဲပင်​ပေါက်ကို ​နေပူထဲ ခုနစ်ရက်​လောက်ထားထားတဲ့လက်​ရေးနဲ့​ရေးထားတယ်"

"​ကျေးဇူး ငါ့​ကောင် ခုလိုပညာဒါန​ပေးရခြင်း​ကြောင့် ​​ကောင်မ​လေး​လေး​ချော​ချော​လေးရပြီး ငါ့ကိုလဲ ရည်းစားရှာ​ပေးနိုင်ပါ​စေ"

"​ကောင်မ​လေးမလိုဘူး ​ဘောလုံးပဲလိုတယ်" ​ဘောလုံးဆိုမှသတိရတယ် ဟိုလူကြီးကပြန်လိုက်ပို့တာ လူပဲပါလာတာ ​ဘောလုံးလဲပါမလာဘူး။ သွားပါပြီ ဘတ်ထားသမျှ​ပိုက်ဆံ​​လေး​တွေနဲ့ ရပ်ကွက်တစ်ပတ်ပြည့်​အောင်ပြီး ရှာထားရတဲ့ ​ဘောလုံးအပြာ​လေး။

"​ဟေ့​ကောင် bellတီးပြီ သွားမယ် လာ" ​ဇေယျ​ခေါ်မှပဲ စိတ်နဲ့လူနဲ့ပြန်ကပ်​တော့တယ်။ ငါ့​ဘောလုံး​လေး....။

"​ဪ ​အေး လာပြီ"

"မင်းကိုလာကြိုမှာလား?"

"​အေး လာကြိုမယ်​တော့​ပြောတာပဲ ​ဖေ​ဖေ့အ​ကြောင်းလဲသိရက်နဲ့ အခုစကားတစ်ခွန်း​ပြော ​နောက် ၁၅မိနစ်​နေရင် သူ​ပြောပြီးတာသူ​မေ့သွားတာ"

"ငါ့ကို​တောင်ခု​ထိ ​ဇေသူ​တွေ​ခေါ်လို​ခေါ်  မြတ်သူ​တွေ​ခေါ်လို​ခေါ်နဲ့ကို, မင်းနဲ့ငါနဲ့​ခင်လာတာဖြင့် သူငယ်တန်းထဲက"

"ဟီး ​ဖေ​ဖေ့အစားငါပဲ​တောင်းပန်ပါတယ်"

"​ထားစမ်းပါ ငါ့မျက်နှာ​ချော​ချော​လေးကိုမှတ်မိ​နေရင်ရပြီ"

A NephophileWhere stories live. Discover now