"ဟယ်လို အန်ကယ်, ကျွန်တော်မင်းထက်မြတ်သူပါ"
"ဪ အေး မောင်မင်းထက် ပြော"
"တိမ်စိုင်ကကျွန်တော့်အိမ်မှာပါ အန်ကယ်စိတ်ပူနေမှာစိုးလို့ ကျွန်တော်ဖုန်းဆက်လိုက်တာ"
"ဘယ်လိုဖြစ်ပြီး သားက မောင်မင်းထက်အိမ်ရောက်လာတာလဲ"
"အန်ကယ်လာမကြိုလို့ဆိုပြီး ကျွန်တော့်ဆီကိုငိုပြီးရောက်လာတာပါ အန်ကယ်"
"အဲ အန်ကယ်ကလဲအလုပ်တွေရှုပ်နေတာနဲ့ သားကိုသတိမရမိတာ, သားကမောင်မင်းထက်ကိုလာရှုပ်မိနေပြီ သားရဲ့အစားအန်ကယ်ပဲတောင်းပန်ပါတယ်ကွယ်"
"မလိုပါဘူး အန်ကယ်, ကျွန်တော့်ကိုကျေးဇူးတင်မယ့်အစား ကလေးကိုသာပိုပြီးဂရုစိုက်ပေးပါ ကျွန်တော့်ဆီရောက်မလာပဲ တခြားသူလက်ထဲသာရောက်သွားရင် မဖြစ်သင့်တာတွေဖြစ်လာမှာစိုးလို့ပါ"
"ကျေးဇူးပါ မောင်မင်းထက်ရယ် အန်ကယ်ခုပဲလာခေါ်လိုက်မယ်နော်"
"မခေါ်ပါနဲ့တော့ အန်ကယ်ရယ်, ကျွန်တော်ပဲခေါ်ထားလိုက်ပါမယ် မနက်ကျရင်လဲကျွန်တော်ပဲကျောင်းဝင်ပို့ခဲ့လိုက်မယ် ကျောင်းဆင်းချိန်ကိုသာ သေချာကြိုပေးပါ"
"အာ... ဟုတ်ပါပြီ မောင်မင်းထက်"
"ကိုကို ကိုကို! သားစိတ်ဆိုးနေတယ်ဆိုတာပါပြောလိုက်ဦး" ဖုန်းပြောနေတာကို ဘေးကနေ သူစိတ်ဆိုးနေကြောင်းပြောနေတဲ့ကောင်လေးကြောင့် မင်းထက်မှာရယ်ချင်လာမိတယ်။
"တိမ်စိုင်ကလဲ စိတ်မဆိုးပါဘူးတဲ့ အန်ကယ်" စချင်လို့ သူပြောချင်တာနဲ့ပြောင်းပြန်ပြောလိုက်တော့ 'ကိုကိုကလဲဗျာ'ဆိုတဲ့အသံနဲ့တူတူ မျက်နှာလေးဆူပုတ်သွားလေရဲ့။
"ဒါဆိုနောက်တစ်ပတ်မှတွေ့ကြတာပေါ့ အန်ကယ်"
"ဟုတ်ကဲ့ပါ ထပ််ပြီးကျေးဇူးတင်ပါရစေနော် မောင်မင်းထက်"
"ရပါတယ် အန်ကယ်"
ဖုန်းချပြီး ဆူပုတ်သွားတဲ့ကောင်လေးကိုကြည့်တော့ အောက်နှုတ်ခမ်းရော အပေါ်နှုတ်ခမ်းထော်လန်နေလေရဲ့။ တစ်နေကုန်ဘယ်လောက်ထိတောင် လျှောက်သွားထားလဲမသိပေမယ့်ကျောင်းစိမ်းပုဆိုးနဲ့ အင်္ကျီအဖြူလေးက ညစ်ပတ်နေရော။

YOU ARE READING
A Nephophile
Ficción GeneralA Nephophile. လောဘကြီးစွာနဲ့ပဲ တိမ်စိုင့်ကိုချစ်မယ့်သူဆိုတာ ကိုယ်တစ်ယောက်ပဲရှိချင်တာမို့ ကိုယ့်ဘာသာ A Nephophileလို့ခေါ်တွင်လိုက်တယ်။