မနက် ၆နာရီခွဲ။
ဘေးက ကလေးပေါက်စလေး မနိုးခင်မှာပဲမင်းထက်အိပ်ရာကထပြီး မနက်စာပြင်ဖို့စဥ်းစားလိုက်တယ်။ ညကမှ သူသိလိုက်ရတာက တိမ်စိုင်ကအိပ်နေရင်ဘာမှမသိတော့သလို ဘေးမှာရှိတဲ့သူကိုလဲဖက်တတ်သေးတာ။ အအိပ်ဆတ်တဲ့မင်းထက်အတွက်ကတော့ ရင်ခွင်ထဲကိုရောက်ရောက်လာတဲ့အနွေးလုံးလေးကြောင့်နိုးလိုက် တိမ်စိုင့်ကျောကိုပွတ်ပေးရင်းပြန်အိပ်သွားလိုက်ဖြစ်ခဲ့တာ ဘယ်နှခါမှန်းတောင်မသိတော့။ အခုတော့ တိမ်စိုင်လာဖက်ရင်ဘာမှမရှိနေမှာစိုးတာနဲ့ပဲ အိပ်ရာပေါ်က မင်းထက်အိပ်တဲ့နေရာမှာခေါင်းအုံးကိုအရှည်လိုက်လေးထားထားပေးလိုက်တယ်။
မနက် ၈နာရီ။
"အား ကိုကို ကိုကို သားနာတယ် အီးဟီးဟီး ကိုကို!!"
မနက်စာ pancakeနဲ့ စတော်ဘယ်ရီသီးလေးတွေပြင်ပေးမယ်ဆိုပြီးစဥ်းစားမိလို့ pancakeလုပ်ပြီးပြီးချင်းမှာပဲ အိပ်ခန်းထဲကထွက်လာတဲ့ အော်သံကြောင့် မင်းထက်မှာပြေးကြည့်ရတော့တယ်။
"အီးဟီးဟီး ကိုကို သားနာတယ်"
"ဘာဖြစ်တာလဲ ကလေးလေး ကိုကိုရှိတယ်လေ"
"ခြေထောက်နာတယ် ကြွက်တက်နေတယ် ကိုကို လုပ်ပေး နာတယ် အီးဟီး"
ခြေသလုံးကိုထိုးပြရင်း အော်ငိုနေတာမို့လို့ မင်းထက်မှာစောင်တွေကိုဖယ်ပြီး တိမ်စိုင့်ရဲ့ခြေမကိုချိုးပေးလိုက်ရတယ်။ သက်သာသွားပြီဆိုမှ ခြေသလုံးလေးကိုဖွဖွနှိပ်ပေးတော့ နာနေတယ်ထင်ပါရဲ့ တိုးတိုးလေးအော်နေလေရဲ့။
"ကိုကိုပရုတ်ဆီလိမ်းပေးမယ်နော် ကလေး"
"မရဘူး ကိုကို သားကsensitive skinလေ ဆေးအပူတွေလိမ်းရင်အသားတွေလောင်တယ်"
"ဒါဆိုမပူမယ့်ဆေးရှာပေးမယ် ငြိမ်ငြိမ်လေးနေနေမယ်မလား?"
"ဟုတ် မြန်မြန်ပြန်လာနော်"
လိမ်းဆေးမှန်သမျှထည့်ထားတဲ့ ဘူးကိုသွန်ချပြီး တစ်ခုချင်းလိုက်ကြည့်တော့ voltex coolပဲတွေ့တာနဲ့ အဲဒါပဲယူပြီး အခန်းထဲကို သုတ်ခြေတင်ပြေးသွားလိုက်တယ်။ မပူပေမယ့် ကြွက်သားတွေတင်းနေတာကိုတော့ ပြေလျော့သွားစေမှာပါ။

YOU ARE READING
A Nephophile
Fiksi UmumA Nephophile. လောဘကြီးစွာနဲ့ပဲ တိမ်စိုင့်ကိုချစ်မယ့်သူဆိုတာ ကိုယ်တစ်ယောက်ပဲရှိချင်တာမို့ ကိုယ့်ဘာသာ A Nephophileလို့ခေါ်တွင်လိုက်တယ်။