Episode 6 (Uni)

1.4K 61 2
                                        

"က​လေး, ဟာ တိမ်စိုင်ပြာ​ရေ"

"ဗျ..ဗျာ ကိုကို ဟီး"

"အဲ့ဆံပင်​တွေကို လှန်တင်လိုက် မမြင်ဘူးထင်မ​နေနဲ့, နဖူးကဘယ်လိုဖြစ်ပြီး​နီရဲ​​နေရတာလဲ?"

"ဟီး ​စုံစွမ်စိကိုနဖူး​တောက်​ကြေးဆော့ထားတာ ဦး​လေးရဲ​အောင်ရယ် အန်တီရယ်နဲ့"

"နဖူး​တောက်​ကြေးက ဒီလောက်​တောင်ရဲကုန်ရလား Mommyတို့ကဘာလို့ က​လေးကိုအားနဲ့​တောက်ရတာလဲ"

"ကိုကိုကလဲ အန်တီ့ကိုမ​အော်ရဘူး​လေ ကိုယ့်ထက်ကြီးတဲ့သူ ဘယ်သူ့ကိုမဆို​ လေး​လေးစားစားဆက်ဆံရမယ်ဆို"

"မင်းလာခဲ့လိုက်​တော့" အနား​ရောက်လာတာနဲ့ နားရွက်က​နေကိုင်ပြီး ကား​ပေါ်​ရောက်တဲ့အထိဆွဲ​ခေါ်သွားလိုက်တယ်။ Mommyတို့​ရှေ့မှာ ဒီက​လေးကိုမဆူမရိုက်ချင်တာ​ကြောင့် စိတ်ကိုအတတ်နိုင်ဆုံး​လျှော့ထားပြီး ကား​ပေါ်​ရောက်တဲ့ထိ​ခေါ်လာ​တော့ မင်းထက်ရင်ညွန့်နား​လောက်သာရှိတဲ့​ကောင်​လေးက ယက်ကန်ယက်ကန်နဲ့ပါလာ​တော့တယ်။

"​ကိုကို သားက​​ဆော့ချင်တာနဲ့ အန်တီတို့က​ဆော့​ပေးရတာ အန်တီတို့ကိုစိတ်မဆိုးပါနဲ့, သားကိုက sensitive skinရှိတာမို့လဲ နဖူးကချက်ချင်းနီသွားတာ တကယ်မနာပါဘူး"

"ဟူး...." ​လေပူ​တွေနဲ့အတူ ဒေါသ​တွေများပါသွားမလားလို့ မှုတ်ထုတ်လိုက်​တော့ နည်းနည်း​​လေး​တောင်​လျော့မသွားတာ​ကြောင့် ခုံ​ပေါ်ကို​ မှီရင်းငြိမ်​နေမိတယ်။

"ကိုကိုစိတ်တို​နေတာလား?"

"အင်း"

"သားကိုလား"

"မဟုတ်ရပါဘူး က​လေးရယ်"

"ဒါဆိုစိတ်ငြိမ်သွား​​အောင်သားဖက်​ပေးထားမယ်" ​လို့ပြောရင်း တိမ်စိုင်က သူ့ခန္ဓာကိုယ်​သေး​သေး​လေးနဲ့ ရင်ခွင်ထဲထည့်​ပေးထားတာမို့လို့ မင်းထက်မျက်လုံး​တွေပါမှိတ်ရင်း ငြိမ်​နေ​ပေးလိုက်တယ်။ လက်ဖဝါး​လေးနဲ့ပါ မင်းထက်ရဲ့​ကျောပြင်ကျယ်ကြီးကိုဖွဖွ​လေးပုတ်​ပေး​နေ​သေးတာ။

"က​လေး" စက္ကန့်အပိုင်းအခြား​လေးကြားမှာတင် ​ဒေါသ​​တွေ​ပြေသွားပြီး စိတ်​ပါငြိမ်ကျသွားတာ​ကြောင့် ကား​ထိုင်ခုံ​ပေါ်ဒူး​​လေးထောက်ရင်းသူ့ကိုဖက်​ပေးထားတဲ့ တိမ်စိုင့်ရဲ့ခါးကိုသိမ်းကျုံးပြီးခပ်တင်းတင်းဖက်ထားရင်း စကားပြန်စမိတယ်။ ​

A NephophileWhere stories live. Discover now